Sunday, June 24, 2007

" မိုးညကဗျာ "ကို စာ . . . လိုရေးခြင်း

ကဗျာတွေ အရမ်းများနေလို့ တဲ့  ဘော်ဘော်တစ်ယောက်က လက်တို့ တယ် ။ ကဗျာတွေ များလွန်းရဲ့ တဲ့  အယ်ဒီတာ တစ်ယောက်က သတိပေးတယ် ။ ဆိုးပါတယ်ဗျာ . . . ။ လွတ်လွတ် လပ်လပ် ရင်ခုန်ချင်လို့  အိမ်မက်မက်ပါတယ် ဆိုမှ . . .

ကဲ . . . အခု
ကဗျာ မဟုတ်ဘူး စာဗျာ . . . စာ ။ ကဲဟုတ် ပြီလား ? ရင်ခုန်သံ တောင်မှ ပါမစ်နဲ့  ညိနေသေးတယ် ။

တောင်းပန်ပါရစေဗျာ . . . စာလို့  သတ်မှတ်ပေးကြပါ . . .


မြစ်ကောက်ကို ကချိကချောက် မလုပ်ကြပါနဲ့ ။ တောင်းပန်ပါရဲ့ ဗျာ ။ လွတ်လပ်စွာ ရင်ခုန်ချင်လွန်းလို့  အိမ်မက်မက် တာပါ . . . ။

" မီးကမလာ ၊ မိုးကရွာ . . . ချစ်သူကမုန်း ၊ ဖဲကရှုံး . . . ကတုံးနဲ့  ပဲနေတော့ မယ် " တဲ့  တစ်ခါက ဖတ်သိရပြီး ရေရွတ်ခဲ့ ဘူးတဲ့  စာသားလေးတွေပါ ။(ကဗျာ မဟုတ်ဘူးနော် . . . ) အမိမြေမှာ တုန်းကပေါ့  . . . ။ အခုတော့  မီးလည်း မှန်ပါရဲ့  ဖဲလည်း မရိုက်တော့ ဘူး ။ မိုးလည်း သိပ်မရွာဘူးဗျ . . . ။
သို့ သော်လည်း ချစ်သူမမုန်းပေမယ့်  သိရခက်တုန်းပဲ . . . ။

" လေးဖြူ ၊ မျိုးကြီး နဲ့  ရာစုသစ် စီးရီးက ဒီဇင်ဘာဆိုတဲ့  သီချင်းကို ဆိုရပါမယ် " ဆိုတဲ့  ကိုကြီးအငဲ လိုပေါ့  . . . ။ "ကျွန်တော် မြစ်ကောက်လည်း ကဗျာမဟုတ်တဲ့ စာ ရေးရပါမယ် ။" အပျော်တော့  မဟုတ်ဘူး ၊ အလွမ်းပေါ့ နော် . . . ။

သီချင်းလေး (ဒီဇင်ဘာ) ပြန်နားထောင်မိမှ ချစ်သူတောင် ပြန်သတိရသွားရဲ့  ။ သို့ သော်လည်း ဟိုလူက " တက် ". . . ဒီလူက "တက်" နှင့်  တစ် "တက် " ထဲ " တက် " နေပါသော မိုး . . . . ။
ဘလောခ့် ဂျာ ဖြစ်ချင်ရင်" တက် " ရမယ်ဆိုတဲ့  မိုး (အိမ်မက်အိမ်က မိုး နှစ်မိုး ... ဘယ်သူ့ ရယ် လို့ မပြောလိုတော့ ပါဘူး ... ) ထို့ ကြောင့် မ"တက်" မနေရ "တက်"ခဲ့ ရပါသောမိုး . . . ။ "တက် ". . . ပြီဗျာ . . . ။ အဆင်းမတတ်ရင် လှေကားတပ်ပေးကြပေါ့ နော် ။

ကဲ . . . မိုးတဲ့  . . .
တစ်မိုးထဲ မိုးနေကြပါသောမိုး . . .
ခါတောမှီ မိုးရတော့ မပေါ့  . . .
အမျိုးမျိုး မိုးပြီးကြမှ မိုးရတော့  . . .
မိုးစရာတော့  ခပ်ခက်ခက်ရယ် . . . ။

ဒါမေမယ့် လည်း မြစ်ကောက်ဖြစ်မှ တစ်(A)ကြောက်စရာလားဗျာ . . . စီနေရာ ပါတယ် . . . ။အကြီးအသေး ဒိုင်ဖဲကြည့်မယ် . . .။ ပါဝါမတူရင်စားမယ် . . . ။အိ . . . ရောကုန်ပြီ ဆောရီးဂျာ . . . ။ကဲ ... ရေးပြီဗျာ . . .
မိုးတော့ မိုး . . . မတူတဲ့ မိုး . . . ချက်တင်မိုးဗျာ . . .။

ဇာတ်လမ်းဖြစ်တည်ရာ ။ ။ ၁-နှစ်ပါတ်လုံး မိုးရွာလေ့  ရှိသော ဒေသ ၊ ကျွန်တော့် ဘ၀ အနေလှဖို့  ခေတ္တ အခြေချနေရတဲ့  နေရာ။

ဇာတ်လမ်းသဘော ။ ။ ချက်တင် နှင့်  ပါတ်သတ်၍ ကြားသိရသမျှ . . .

ဇာတ်လမ်းအမျိုးအစား ။ ။ ခါတော်မှီ

ဆောင်း တဲ့ ဗျာ . . . ။ နာမည်လေးက အေးချမ်းခဲ့ ပါတယ် ။ ရင်ခုန်သံ ၀င်မစွက်ခဲ့ ရင်တော့ ကျွန်တော့်  ဘ၀လည်း အေးချမ်းမယ် ထင်ပါရဲ့ နော် . . . ။အခုတော့  မိုးညမှာ စတွေ့ ခဲ့ တာ ဆောင်း ၊ အချိန်က ဒီဇင်ဘာ . . . ။ အပြင်မှာ မိုးသည်းနေလေရဲ့  ။

ဘာရယ်မဟုတ်ပေမယ့်  သွပ်ချောင်ချောင်နဲ့  လွှတ်ကြောင်ခဲ့ တာ မဟုတ်ရပါဘူး ။ ချက်တင်မှာ တွေ့ ကြမယ်ပေါ့  ။ ကျွန်တော်ကပဲ ဆတ်ဆော့ ခဲ့ တာ . . . ။ အပြစ်တော့  မပြောကြနဲ့ ဗျာ . . . ။ မော်ဒန်အပ်(ပ်)ဒိတ် နဲ့  ချက်တင် ဗိုင်းရပ်ဆိုတော့  ရင်ခုန်သံ နီးစပ်မြန်ပါ့ ဗျာ . . . ။ မိုးညရဲ့  ဒီဇင်ဘာ . . . ။ ဘ၀ရဲ့  အလွမ်းစာမျက်နှာ စပြီပေါ့ ဗျာ . . . ။

ခရစ္စမတ် မှာ အချစ်ရက်တွေ ရှည်မယ်ဆိုမှ သူက အွန်သည်ဝေး (ခရီးထွက်နေလေရဲ့  ) ပြောထားရက်နဲ့  အွန်လိုင်းတက်တော့  သွားပြီပေါ့  ။ ရင်ခုန်သံအက်အက်နဲ့  ၀ီစကီစပ်လိုက်တော့  လွမ်းရက်တွေပဲဗျာ . . . ။ မိုးကရွာနေတုန်း . . . . .

နယူးရီးယားမှာ အရူးကြီးအလား ကျွန်တော် အလွမ်းကဗျာ ရေးလို့  တောထုတ်ခံရသေးတယ် ။ (ပျော်ပျော် မနေတတ်တဲ့  ကောင်တဲ့  --- တစ်ချို့ က ပြောတာပါ . . . ) လွမ်းတယ် ဆောင်းရယ် . . . ။ မိုးစက်တွေက မအေးမြစေနိုင်ပါဘူး ။

ပြန်လာပြီ . . . လို့  massage ၀င်မှ သိလိုက်ရရဲ ။့ ဓာတ်ပုံ (၃) ပုံနဲ့  slid . . . က computer တောင် မှတ်မိလို့  secreen မှာ line ထင်လို့  ဇရာအို computer ကွိုင်ရှာချေပြီ ။ အပြင်က မိုးစက်တွေ အထဲမစွက် နိုင်ခဲ့ ဘူုး ။ error မပြဖို့  ဖေးမရင်း ချွေးကကျတာ မိုးစက်တွေထက် ပိုပါရဲ့  ။ (ထင်တာပဲလေ . . . )

မနက်ဖြန်တွေ့ မယ် ချိန်းထားပြီး ရောက်မလာတဲ့  (၃) ရက် on-line မှာ မေးတင် မျှော်လင့်နေလင့်  ရောက်မလာတဲ့  ထို (၃) ရက်မှာ ကြမ်းတဲ့ မိုး ၊ အရမ်းကို ဆိုးပေမယ့်  ကျွန်တော့် ကို အိပ်စက်စေခြင်း ငှာ မတတ်နိုင်ခဲ့ ပေ . . . ။ သူရောက်တဲ့ နေ့  icon အတွေ့ မှာ စိတ်ကလှုပ်ရှား အလုပ်များပြီး ၊ စွမ်းအားကကုန် လူကပုံကျ ၊ ကြမ်းပေါ်ကျောခင်း မြေခမှ ၊ ဘေးက၀ိုင်းဝန်း တိုက်တွန်းကြ၍ . . .
ဆေးရုံ တစ်ပါတ် တက်စေသော်ဝ် . . . ။

. . . မိုးသည်းတဲ့  ဆောင်းရက်များသို့  အမှတ်တရ . . .

3 comments:

မြစ်ကောက် @ ÇÜ®ΛΞ ®!Λ∈R said...

fechar acima! Eu quero a escrever somente. Mas agora. Eu devo ser quieto! merda! vê-lo inferno!

Anonymous said...

ကိုမြစ်ကောက်.. ဖြစ်တတ်တဲ့ အွန်လိုင်းအချစ်ဇာတ်လမ်းကို ဖတ်ချင်စရာဖြစ်အောင် ရေးနိုင်တာတွက် လေးစားပါတယ် ။ ကဗျာထက် ခုလို ပို့စ်ရေးတာလည်း ကောင်းတာပါပဲ ။ ဆက်ရေးပါဦးလို့ အားပေးပါတယ် ။ တချို့အပိုင်းတွေရေးထားတာ.. လွမ်းစရာပေမယ့် ဟာသလေးနှောသလိုလိုနဲ့ ဖတ်ရင်းတောင် ကျမပြုံးမိသေးတယ် ။

နောက် ထပ် တင်ထားတဲ့ ကဗျာမှာ နှုတ်ဆက်ခြင်းဆိုတဲ့ လေဘယ်လ်အောက် တွေ့ လိုက်တယ် ။ စိတ်တွေ ပြန်တက်ကြွလာတဲ့အခါ အိပ်မက်အိမ်ကို ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရင်း.. ။

Anonymous said...

Nice and Romantic....