Sunday, July 8, 2007

မရေးဖြစ်ခဲ့တဲ့......စာမျက်နှာ

တကယ်တော့ ဖျာတစ်ချပ်‌ပေါ့
အိပ်မက်‌တွေ ရောင်းတဲ့
ဆိုင်‌တော့ မဟုတ်ဘူး‌နော်...၊
ဝင်ချင်ရင်ဝင်ပြီး ပြန်ချင်‌တော့လည်း သူပဲ။
စင်‌ရော်တစ်ကောင်အတွက်
‌ပေါင်မုန့် တစ်ချပ်က ပါးလွန်းပါတယ်...၊
ထီး‌ဆောင်းလာတဲ့ အချိန်‌တွေတဲ့
ရှိခဲ့လို့ လား.....။
တစ်စစီ ကွဲပျက်တာမှ မဟုတ်ခဲ့တာ
လွင့်‌မျောခြင်း ကင်းမဲ့စွာ
‌ပေါက်ကွဲသွားခဲ့တာ........။
အတိတ်‌တွေကို တူးဆွရင်း
အနာဂတ်‌တွေ အမိှုက်ပုံဖြစ်‌နေပြီ...။
‌ခေါင်း‌မှာလည်း အရိုးတံ‌တွေကြဲပီး
‌မြေပြင်မှာလည်း ရွက်‌ကြွေ‌တွေ
မွစာကြဲလို့ ...........
ခု‌တော့ ငါ့န‌ဘေးမှာ...........
ရွက်‌ကြွေ‌တွေ ပြည့် လို့ .........................။

No comments: