Sunday, May 27, 2007

အိမ်မက်အိမ် ရဲ့  စတင်ခြင်း

ယုံကြည်ချက်၊ ခံယူချက် နဲ့  အမြင်မတော်ရင် (လုံးဝ) မနေတတ်တဲ့ လူငယ်လေး (၃)ယောက်က စတင်ဖွဲ့ စည်းခဲ့ တာပါ။ သူငယ်ချင်း တွေလည်းပါဝင် ရေးသား ကြရပါမယ်။ တတ်လွန်းလို့  တော့ လုပ်ခဲ့ကြတာ မဟုတ်ကြပါဘူး။ လုပ်ချင်၊ တတ်ချင်လွန်းလို့  (၇) ရက် သား၊သ္မီး သိတဲ့  တတ်တဲ သူတိုင်းကို နားပူနားဆာ လုပ်ပြီး အိမ်မက်အိမ်ကို ဖွဲ့ စည်းခဲ့ ကြတာပါ။ နားပူနားဆာ လုပ်သမျှကို မညိုညင်ပဲ စိတ်ရှည်စွာနဲ့  သင်ကြားပေးခဲ့ ကြတဲ့  ကျေးဇူးတင်ထိုက်သူများ ကိုလည်း ဒီနေရာကနေပြီး အားလုံးရဲ့  ကိုယ်စား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ။
အိမ်မက်အိမ် ဆိုတဲ့  အမည်လေးနဲ့  ပါတ်သတ်လို့  စိတ်ကူးယဉ်သမား သက်သက်တွေ ရယ်လို့  မသတ်မှတ်စေချင်ဘူး။ ရူပဗေဒ နိယာမ တစ်ခုရှိပါတယ်။ စွမ်းအင်တစ်ခုကို အသုံးချပြီး ရွေ့ လျှား၊ပြောင်းလဲမှု တစုံတရာ မရှိခဲ့ ရင် အလုပ်လို့  ခေါ်ဆိုလို့  မရနိုင်ပါဘူး။ လိုရင်းက ဒီလိုပါ ခင်ဗျာ။ ရင်ထဲက ယုံကြည်ချက် စွမ်းအင်တွေနဲ့  ရေးသားဖေါ်ထုတ်ကြပြီး ၊ အကျိုးသက်ရောက်မှု တစုံတရာ မရှိခဲ့ မခြင်း အိမ်မက်မက်သူ တွေရယ်လို့  ရဲရဲကြီး နာမည်ခံချင် ကြလို့ ပါ။
အိမ်မက်တွေ ကို စုစည်းနေကြတာပါ။ ဘ၀ ရဲ့  တစ်ဆစ်ချိုးကို မရောက်သရွေ့ တော့  ကြိုးစားမှုအားလုံးကို အိမ်မက်တွေလို့  သဘောထား ကြရအောင်လား။ ယုံကြည်မှု နဲ့  မက်တဲ့  အိမ်မက်တွေပါ။

No comments: