Monday, June 4, 2007

ဘထွေး နဲ့  သာအေး


ကျုပ်က နယ်နယ်ရရ ကောင်တော့ မဟုတ်ဘူးဗျ။ ဘာပြောတယ် . . . လူရှိန်အောင် ဟောက်စားလုပ်တယ်။ မနာလိုတာလားကိုယ့် လူ နားထားပါ။ကိုယ့် လူစကားတွေ ကိုင်းကြီးကြီး မှာနား ။ ကျုပ်က လူကြီးမြေးဗျ။ ကျုပ်ဘထွေးဆို လူကြီး ၊ ဆန္ဒရှိရင် ပင်စင်သက်တောင် (၁၅) နှစ်လောက် ရနေပြီ။ လူတာအို တာဗျ ၊ စိတ်ကတော့  . . . အဟဲ ဟဲ . . . (တစ်မျိုး မတွေးကြေး ဗျာ။ ) စိတ်ကတော့  ငါမှငါ . . . ခင်ဗျ ။ မနေ့ ကပဲ ဘထွေးနဲ့  တွေ့ တယ် ။ ကျုပ်ကို ဆူပူ ကြိမ်းမောင်း ပါလေရာဗျာ . . . ။


ဘထွေး ။ ။ ဟေ့ ကောင် . . . သာအေး လာစမ်းပါဦး ။
(မွေးကတည်းက သိမှတ်ထားရှိသော လေသံ အရဆိုရင် ကျုပ် သာအေးတစ်ယောက် အလိုလို သိနှင့် နေပြီ ။ ဇာတာတော့  ညံ့ နေပြီပေါ့ ။)

သာအေး။ ။ ခင်ဂျာ . . . ။ (ညှောင်နာနာ နှင့်  ကျုပ်ထူးလိုက် ခြင်းပင် . . . )

ဘထွေး ။ ။ ဘာအခုမှ စကားမပီ သလို ၊ ပီသလို လာလုပ်နေနဲ့  ၊ ဟေ့ ကောင် မှန်မှန်ပြောစမ်း ။

သာအေး ။ ။ ဟုတ်ကဲ့  . . . ။ ကျုပ်အခုမှ ထမင်းစားပြီး ၊ လက်မဆေးပဲ ထွက်လာတာ ။ လက်သွားဆေး လိုက်ဦးမယ်နော် ဘထွေး ။

ဘထွေး ။ ။ တော်တိတ် ။ ရပ်စမ်း အခု ။ ငါ့  မေးတာဖြေပြီးမှ သွားလက်ဆေး ။
(အင်း ရာဟု နဲ့  စနေ ပေါင်းပါလေသော . . . ပါပူးရဲ့  အဖေ ကျောင်းဆရာဟောင်းကြီး ဂျောက်(ချောက်) ချပြီနဲ့  တူပါရဲ့  ။)

ဘထွေး ။ ။ မင်း အိမ်သာနက်ပေါ်မှာ ငါ့ အကြောင်းတွေကို ပုလင်းတူ ဘူးစို့ တွေနဲ့  ပေါင်းပြီး ၊ မောင်းတီး နေရဲ့ ဆို . . . ။
( ပြဿနာ က ရှောင်လွှဲ၍ မရနိုင်တော့  ၊ ၀န်ခံရချေပြီ။)

သာအေး ။ ။ ဟို . . . သားက မှန်တာတွေ ရေးတာပါ ဘထွေး ။

ဘထွေး ။ ။ ဘာမှန်တာလဲကွ ။ ကိုယ်ပေါင် ကိုယ်လှန်ထောင်း ၊ ငါ့ အကြောင်းကို တစ်ခုမှ ရစရာမရှိဘူး ။

သာအေး ။ ။ ဘထွေး ပေးထားတာကော ရှိလို့ လား ။ ကျုပ်တော့  စားနေတာပဲ မြင်တယ်။

ဘထွေး ။ ။ တယ် . . . ပြောလေကဲလေ . . . ။ လက်ကိုင်တုတ် နဲ့  ရိုက်လိုက်ရ ။
(ပြောရင်းဖြင့်  ဇာတိက ပြလာချေပြီ ။ လွန်စွာမှ အာဏာ နှင့်  သူ၏ လက်ကိုင်တုတ်ကို အားကိုးလွန်းသော ဘထွေးကို လေပြေ သွေးရပေတော့ မည်။ မပြောမရှိ နဲ့  သူက အမြှောက်ကြိုက်ဗျ။)

သာအေး ။ ။ ကျုပ်ဒီလို သဘောနဲ့  ပြောတာမဟုတ် ပါဘူး ။ ဘထွေး လည်း ပေးတာ ကမ်းတာတွေ ရှိနေတာပဲ ။

ဘထွေး ။ ။ အဲဒီလို လုပ်စမ်းပါကွ ။ ( ဘ၀င် လေဟပ်သံ )

သာအေး ။ ။ ဟို တလောက . . . ဆိုးပေပြောလို့  သိရတယ် ။ ဘကြီး ဆိုဗီယက် သံဆိုင်က ရော်ဂဒါး နဲ့  ရွှေလမ်းငွေလမ်း ခင်းလိုက်ပြီဆို . . . ကျုပ်တောင် မသိလိုက်ရပါလား။

ဘထွေး ။ ။ ဒါက ဂလို ရှိရဲ့  ငါ့ မြေးရဲ့ ။ သူက ငါ့ ရဲ့  ပြိုင်ဘက် လယ်ပိုင်ရှင်တွေထက် သာတဲ့  ခေတ်မှီ ထွန်စက် စက်ကန်းဟမ်း ( second hand ကို P.K ၀ါးရင်းပြောသဖြင့်  ခွင့်  လွှတ်တော်မူကြပါရန် . . . ) တွေ စပါးပေးနဲ့  ပေးမယ်တဲ့  ဟကောင် ရ ။ နည်းတဲ့  အခွင့်  အရေး မဟုတ်ဘူးနော် ။

သာအေး ။ ။ နို့  . . . ။ နေပါဦး . . . ။ ဒါနဲ့  ဟို ပေါက်ဖော် လျှောင်ကီး နဲ့  ဂေါင်း (ဦးခေါင်း) ချင်းဆိုင်နေတာကရော . . . ။

ဘထွေး ။ ။ ရော် . . . ဒါလား ။ ညံ့ ပါ့ ကွာ ။ ဟိုဟို ဒီဒီ သယ်မယ်ရွှေ့ မယ် ၊ ဘာလုပ် မလဲ ။ ကောင်းဂျစ် ( cow-jeep = နွားလှည်း ) ခေတ်က ကုန်သွားပြီလေ။ လမ်းဂျမ်း၊ လမ်းဂျမ်း ( lang jaung ဟုထင်ရပါသည်။ ဘကြီးက ဘုန်တော်ကြီး ကျောင်း၌ပင် (၇) နှစ် (၇) မိုး ပညာရှာရင်း သဂြိုလ် ပင်အလွတ် မရခဲ့ သူမို့  ခွင့် လွှတ်ကြပါ။) သူက လမ်းဂျမ်း ထရော်လာဂျီ တွေ ပေးမယ်တဲ့ ကွ ။
(ကောင်းပါ့ ဗျာ ။ အရောင်းမြှင့် တင်ရေး နဲ့  ကိုယ်စားလှယ်ဖြစ်ချင်သူတော့  တွေ့ ကြပြီ။ ဘုန်းကြီးရူး လှေလူးနဲ့ တော့  အကိုက်ပေါ့ ။ )

သာအေး ။ ။ ဒါ နဲ့  ဟိုကောင် နိုဝင်ဘာမိုး ကိစ္စကရော ။
( ကြုံတုန်း ကြုံခိုက် ၊ အချွန်နဲ့  မလိုက်ခြင်းပင်။)

ဘထွေး ။ ။ မိဘ က ကောင်းမယ်ထင်လို့  ဆောင်းဦးမိုး လို့  နာမယ် ပေးတာကို ဒင်းက မိန်းမဆန်ရဲ့  ဆိုပြီး နိုဝင်ဘာမိုး လို့  ကိုယ့်  ကိုယ်ကို ကင်ပွန်းတပ်လိုက်တဲ့  ဟိုကောင်မဟုတ်လား။

သာအေး ။ ။ ဟုတ်ပ . . . အဘရာ။ ဟိုတစ်လောကတောင် မိန်းမဘေး ကုတ်ချောင်းချောင်း နဲ့  ဒါလား ဟဲ့  အိမ်ထောင်ဦးစီး လို့ တောင် အဘပြောခဲ့ သေးတာပဲ ။

ဘထွေး ။ ။ ဒီကောင် ကတော့  မဆိုးဘူးကွ။ ငါ့ မိတ်ဆွေ ကြီး ချဉ်ဖတ်ဆုံ နာမည် နဲ့  တုတ်ထိုးဆိုင် ဖွင့် သေးရဲ့ ။ ငါဖြင့်  ငါ့ မိတ်ဆွေ ကို ဂုဏ်ပြုလို့ ဆိုပြီး ၊ ရွာဖွံ့ ဖြိုးရေး စီမံကိန်းမှာ ရေဒီယို (၃) လုံး ချပေးလိုက်ပါလို့  စာရေးပေးလိုက်သေးတယ် ။

သာအေး ။ ။ နို့  နေပါဦး အဘရဲ့  ၊ ရွာ ဖွံ့ ဖြိုးရေး စီမံကိန်းနဲ့  တုတ်ထိုးသယ် ရေဒီယို ရတာ ဘာဆိုင်လို့ လဲဗျ။

ဘထွေး ။ ။ အော် . . . ။ တုံးပ ငါ့ မြေးရယ် ။ အဲဒါ လူမှုရေးဟဲ့ ။ သဘောပေါက်တယ်နော် ၊ သဘောပေါက်ပါတယ် ( ကော်ပီနော် ကိုသူရ (ဇာဂနာ) ရေ ခွင့်  လွှတ်ဦးဗျာ... )

သာအေး ။ ။ ဘထွေးကသာ လူမှုရေးပြောနေတယ် ။ ဟိုက ရပ်ထဲ ရွာထဲ ရှောက်ဟစ် နေလို့  လူသိရှင်ကြား ဖြစ်နေပြီ ။

ဘထွေး ။ ။ ဒါတော့  ဆိုးသားဟ . . . ။ ရှက်တော့ မရှက်ပါဘူး။ ဒါပေမယ့်  ရွာမှာ ငါ့  အာဏာစက် လျှော့ ပါးသွားရင် အခက်ကွ။ ဒီကောင့်  ဆွဲစီလိုက်မှ ဖြစ်မယ် ။ ကြာပါတယ်ကွယ်. . . တစ်ခါတည်းပဲ ထိတ်တုံးဖွင့် ထားလိုက်မယ် ။ မြို့ ဈေးက ပြန်လာရင် တစ်ခါတည်း ထည့်လိုက်မယ်။ ဟင်းဒီလို လုပ်လို့  ရရိုးလား ။ ငါမွေးတဲ့  မျောက်က ငါ့  ပြန်ချောက် လို့  မှတ်လောက်သားလောက်အောင် လုပ်ပြစ်လိုက်။
( ကျုပ်ပင် ခေါင်းပုသွားကာ အသက်ပင် ရဲရဲ မရှုရဲတော့ ချေ။ ဘထွေး နဲ့  ဈေးမတည့် ရင်ဖြင့်  ဤသို့  ခံရအံ့ ။ ထိုသို့  ခံရသူ အပေါင်းလည်း မနည်းဟု ဆိုရဲ့ ။ ဘုရား ၊ ဘုရား . . .
မထိတ်သာ မလန့် သာ ရှိလိုက်ပါဘိ။ ဘထွေး၏ သမိုင်းကြည့်က သိနိုင်ပါသည်။ )

ဘထွေး ။ ။ ဟင်း . . . ဘထွေးတဲ့ ကွ ။ ဒါမျိုးလာမလုပ်နဲ့  ။ ဟိုကောင် နောက်တိုး ၊ ဆိုးပေ ၊ ဖယောင်းတိုင် လင်းဝေ နဲ့  ဖိုးရှမ်းကိုပါ ပြောလိုက် . . . ။ ရုတ်ရုတ် ၊ ရုတ်ရုတ် လုပ်ရင် လက်ကိုင်တုတ် လွှတ်လိုက်မယ်လို့  ကြားလား ။

သာအေး ။ ။ ဟုတ် . . . ဟုတ်ကဲ့ ပါ . . . ဘထွေး ။

ဘထွေး ။ ။ ကဲ... ကဲ... ကြားရင်လည်းသွား လက်ဆေးချေဦး ။
စိတ်အစဉ် ပင်လျှင် နှေးကွေးပေဦးမည်။ ကျုပ်ရဲ့  ဒုန်းစိုင်းပြေးပုံ ကတော့  ဘထွေးထံမှ ကိုက် (၃၀၀) ရောက်ကည် အထိ နောက်ကိုပင် ယောင်လို့ မျှလှည့်မကြည့်တော့ ။ သို့ သော်ငြား သက်ကြားအို ဘ၀ ရင်ကော့ ဖို့  အနိုင်နိုင် ၊ လူလစ်ရင် တိုင်မှီ၍ ထိုင်နေရသည့်တိုင်အောင် ငါ ဆိုသော အတ္တဆွဲနှင့်  လက်ကိုင်တုတ်များ အားကိုးလွန်းသော ငါ၏ဘထွေး ရန်မှဝေငြား ၊ ဓာစားခံ ဖြစ်သွားရရှာသော မိတ်ဆွေတို့ ကို စိတ်ထဲမှပင် တောင်းပန်လိုက်ပါတော့ သည်။

အထူးတောင်းပန်ခြင်း

ကွန်ုပ်၏ လက်ကမြင်းမှုကြောင့်  နေရင်းထိုင်ရင်း ၊ ဒုက္ခတွင်းထဲ ဆင်းခဲ့ ရသော ဘော်ဘော် အပေါင်းတို့  ခင်ဗျာ. . . ။ ဘော်ဘော်တို့ ရဲ့  သဘောထာကြီးလှစွာသော စိတ်ထားဖြင့်  ကျွန်ုပ် အမိုက်အမှားကို ခွင့် လွှတ်ကြပါကုန်။

ဤတွင် ဘထွေးနဲ့  သာအေး ထိပ်တိုက်တွေ့ ဆုံခန်း ဒီတွင် ပြီးဆုံးပါပြီ။ ဆဲဆိုသံ များကို နားပိတ်၍ အွန်လိုင်း ( online ) မတက်ပဲ ဝေးရာရှောင်နေခြင်းကို ခွင့် လွှတ် နိုင်ကြပါစေ သောဝ် . . . ။ ။

No comments: