Friday, June 8, 2007

အလုပ်ကြီးအကိုင်ကြီး

ပေါ်မလာ အတော်ကြာတဲ့ အသင်တို့ရဲ့ ဘော်ဒါ (အော်ဒါလိုက်နေလားလို့ ပြန်မမေးနဲ့)ကျနော်မျိုး အချိုးမပြေတဲ့ ဆိုးပေမှာ ရပ်ရေးရွာရေး မအေးတာကတစ်မျိုး၊ တိုင်းရေးပြည်ရာ မသာတာက တစ်ဖုံ၊ ထုံးစံအရ မအားချင်ယောင်ဆောင်သည်က တစ်နည်း ၊ ပျင်းသည်က တစ်လီ၊ လေသည်ကတစ်ကြောင်း စုပေါင်း၍ နေသာသလို ရေသာခိုနေခြင်းတော့မဟုတ်ပါ ... ဘလော့ဂ်ကို ပုံမှန်တက် ဖတ်စရာတွေဖတ်ပြီးပေမင့် စာတင်ရန် အကြံမထွက်သည်မို့ ဥာဏ်နီနက် ရောင်စုံ ကုန်အောင်ပင်ထုတ် ခေါင်းကုတ်ရအခါခါ ကီးဘုတ်ပေါ်လက်တင် ရေးလိုက်မည်ပြင်ကာမှ အိပ်ရာဝင် နှပ်ချင်စိတ်ကများ ခက်ပါလား မောင်ဆိုးပေ ...

မတတ်နိုင် ဆက်ထိုင်လည်း အလကား အားကာမှ အေးဆေး ရေးပါတော့လေး.... လို့ ကိုယ့်ကိုယ်ကို ဆင်ခြေပေးလိုက်ပါသည်။ အောက်ပါကာတွန်းထဲတွင် ဆိုးပေရှိသည်။ အလုပ်ကြီးအကိုင်ကြီး လုပ်နေသည်။ ကျေးဇူးပြု၍ မနှောင့်ယှက်ပါနှင့်။


အမြင်မတော်ရင်လည်း ခေါင်းအုံးနဲ့ စောင်ယူပေးကြပေါ့နော်
ဆိုးပေ လုပ်ဟ !!!

3 comments:

Anonymous said...

Hey soepay,
Here r pillow n blanket for u...
Take it n rest peacefully...
That's good one..
Ur sleeping makes u n ur world calm n peace..
hehe....
(don't be angry !!!)

Anonymous said...

Hey . . .
Soepay
chin kight marl ...
chin say chwe yu ...
chin say boo phyan ...
chin say par taught like ...
Sleep in peace.

ဆိုးပေ said...

ml ရေ စောင် ခေါင်းဦးပေးလို့ ကျေးဇူး ...
denorama ပြောတာ ဟုတ်သားပဲ ... ဒါပေမဲ့ ခြင်ဆေးနဲ့ မခံနိုင်လို့ ဘေးနားမှာ လာထိုင်ပြီး ယပ်ခတ်ပေးပါလားလို့...