Wednesday, July 18, 2007

ဒွေးလည်း သာမန်လူသားပဲဗျာ.....

မရေးတာကြာလို့ဗျာ... ရေးစရာ ကုန်ကြမ်းလိုက်ရှာရင်း Website တွေလျှောက်ကြည့်မိရာက ရေးဖြစ်သွားတယ်... မပြောပြဘဲကိုမနေနိုင်လို့ပါဗျား.... မြန်မာပြည်မှာ လောလောလတ်လတ်ဖြစ်နေတဲ့ ၀မ်းနည်းမှုသတင်းကို အားလုံးကြားပြီး လိမ့်မယ်လို့လည်းယုံကြည်ပါတယ်... Media ခေတ်ကြီးထဲမှာတော့ ၀ုန်းခနဲ... ဆိုသလိုပဲ ချက်ချင်းကို ပျံ့နှံ့နေတာကိုးဗျ... ရုပ်ရှင်သရုပ်ဆောင် မင်းသား ဒွေး ဆုံးတာနဲ့ပတ်သက်ပြီး ပြောချင်တာပါ... သာမန်သူသား တစ်ယောက်သေဆုံးတဲ့ သေဆုံးမှုမျိုးကို အရမ်းကြီးကို ရေးကြီးခွင်ကျယ်လုပ်နေသလားလို့ ထင်မိလို့ပါ... ဘယ်သူ့ကို အပြစ်ပြောဝေဖန်ရမှန်းတောင် မပြောတတ်တော့ဘူးဗျ... လုပ်ပုံကဗျာ....

ပျင်းပျင်းရှိတာနဲ့ Websit တွေကိုလျှောက်ကြည့်တာ ရုပ်ရှင်သရုပ်ဆောင် မင်းသားဒွေးသေဆုံးတဲ့ သတင်းကိုသွား ကြည့်မိတယ်ဗျာ... Planet မှာပေါ့ဗျာ... ရေးထားပုံက `` မင်းသားဒွေး၏အရိုးပြာကို မင်းသားယုံကြည်ကိုးကွယ်သော၊ မင်းသားကို ချစ်သော ချောင်းဝဆရာတော်ဘုရားကြီး၏ ကျောင်းတိုက်ဝင်းအတွင်း လွမ်းစေတီတည်ထားမည်ဖြစ် ကြောင်းသိခဲ့ရပါတယ် ´´ တဲ့ဗျာ.... ဒွေးဆိုတာလည်း သာမန်လူသားတစ်ယောက်ပါပဲဗျာ... သီလသမာဓိ ဂုဏ်သိက္ခာနဲ့ ပြည့်စုံတော်မူတဲ့ ဆရာတော်ဘုရားကြီး တစ်ချို့တောင်မှ ဘ၀နတ်ထံပျံလွန်တော်မူရင် သူတို့ရဲ့ အရိုးပြာအိုးကို စေတီမတည်ဖို့ သူ့ရဲ့တပည့် သံဃာတော်တွေကို မှာကြားကြကြောင်း... သူတို့ဟာ စေတီတည်ထားကိုးကွယ်ခံရတဲ့ အဆင့်မရောက်သေးလို့ ဆိုပြီးမှာထားတတ်ကြောင်း... ဒါ့အပြင် သူတို့ထက်အဆင့်မြင့်တဲ့ ပုဂ္ဂိုလ်တွေက ရှိခိုးကန်တော့မိရင် သူတို့အတွက်မကောင်းကြောင်း စာအုပ်တွေထဲမှာ ဖတ်ခဲ့ဖူးတယ်.... ဒွေးဆိုတာကလည်း သာမန်လူတစ်ယောက်ဖြစ်လျက်နဲ့ သူ့ရဲ့အရိုးပြာအိုးကို လွမ်းစေတီတည်မယ်လို့ ရေးထားတာကြီးကတော့ဗျာ လွန်လွန်းတယ်လို့ထင်ပါတယ်ဗျာ... သွားလေသူကိုတော့ အားနာပါတယ်... ရေးတဲ့သူကလည်းဗျာ... ဘာတွေများ အတွေးခေါင်ပြီး ဘယ်လိုရေးချလိုက်လည်းမသိဘူးဗျာ.... အဲ့ဒီသတင်းကို တည်းဖြတ်တဲ့ အယ်ဒီတာကလည်း လွန်လွန်းတယ်လို့ထင်တယ်ဗျာ.... ဒီလိုသာ တည်းဖြတ်မှု၊ စိစစ်မှုတွေမရှိဘဲ ရေးချင်သလိုရေး၊ တင်ချင်သလိုတင်နေရင်တော့ စာဖတ်တဲ့ပရိတ်သတ်တွေအတွက်ရော အကြောင်းအရာပါ ကာယကံရှင်များအတွက်ရော မကောင်းဘူးလို့မြင်တယ်ဗျ.... သတင်းဦး... သတင်းထူးဆိုပြီးတော့ ငါ့မြင်းငါစိုင်း စကိုင်းရောက်ရောက် ရေးတာတော့ အရမ်းစိတ်ပျက်ဖို့ကောင်းတယ်ဗျာ............
(ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းမဟုတ်ကြောင်းဝန်ခံပါသည်)

ဖော်ပြပါ Link လေးကို တစ်ချက်လောက်တော့ သွားဖတ်ကြည့်စေချင်တယ်ဗျာ.......
http://www.planet.com.mm/news/?linkpage=desc&id=9291

4 comments:

Anonymous said...

ဒါပေါ့ဗျာ ကိုချယ်ရီရာ
ဘယ့်နှယ် သူတော်စင်လည်းမဟုတ်၊ အရိယာပုဂ္ဂိလ်လည်းမဟတြ်
ဘုန်းကြီးဆိုလည်းထားလိုက်ပါတော့၊ လုပ်ပုံတွေက ဆန့်ကျင်ဘက်တွေ ဖြစ်နေပြီဗျ။ ခင်ဗျားမှ လက်မခံတာမဟုတ်ဘူး၊ ကျုပ်တို့လူငယ်တွေလည်း လက်မခံဘူးဗျို့၊ ဘယ်အရာမဆို ရှေ့ကိုမျှေော်တွေးပြီးမှ လုပ်သင့်တယ်ဗျို့၊ နောင်လာနောက်သားတွေက ဒွေးရဲ့ လွမ်းစေတီကို တန်ခိုးကြီးဘုရားဆိုပြီး ဦးကုန်းချမှာမြင်ယောင် နေသေးသဗျ။စာနယ်ဇင်းဆိုတာကလည်းပိုက်ဆံရရင် ဆင်ဆာမဖြတ် တော့ဘဲ တင်ပေးလိုက်တာ ဟုတ်သလားဗျာ။အံ့ပါ့။ မောင်မင်းကြီးသား တွေဘဲ ဒွေးလွမ်းစေတီကို ဦးကုန်းချခိုင်းဖို့ ကောင်းတယ် အံ့ရော အံ့ရော

Anonymous said...

ဒါပေါ့ဗျာ ကိုချယ်ရီရာ
ဘယ့်နှယ် သူတော်စင်လည်းမဟုတ်၊ အရိယာပုဂ္ဂိလ်လည်းမဟတြ်
ဘုန်းကြီးဆိုလည်းထားလိုက်ပါတော့၊ လုပ်ပုံတွေက ဆန့်ကျင်ဘက်တွေ ဖြစ်နေပြီဗျ။ ခင်ဗျားမှ လက်မခံတာမဟုတ်ဘူး၊ ကျုပ်တို့လူငယ်တွေလည်း လက်မခံဘူးဗျို့၊ ဘယ်အရာမဆို ရှေ့ကိုမျှေော်တွေးပြီးမှ လုပ်သင့်တယ်ဗျို့၊ နောင်လာနောက်သားတွေက ဒွေးရဲ့ လွမ်းစေတီကို တန်ခိုးကြီးဘုရားဆိုပြီး ဦးကုန်းချမှာမြင်ယောင် နေသေးသဗျ။စာနယ်ဇင်းဆိုတာကလည်းပိုက်ဆံရရင် ဆင်ဆာမဖြတ် တော့ဘဲ တင်ပေးလိုက်တာ ဟုတ်သလားဗျာ။အံ့ပါ့။ မောင်မင်းကြီးသား တွေဘဲ ဒွေးလွမ်းစေတီကို ဦးကုန်းချခိုင်းဖို့ ကောင်းတယ် အံ့ရော အံ့ရော

Anonymous said...

အဟဲ ...

ရယ်မယ်နော်

ကိုချယ်ရီကြည့်မိတာ April fool လုပ်တာတော့ဖြစ်မယ်မထင်ဘူး ။

သြော် .... လူတွေလူတွေ ....

သြော်ငါလဲလူပဲလေ ....။

အင်းပေါ့လေ...။ ကောင်းမယ်ထင်ရင်လုပ်ကြပေါ့ ။

ဘုရားတစ်ဆူ ၊ ဂူတစ်လုံးဆိုတာတော့ရှိတယ်...၊ ဘာဂူလည်းဆိုတာတော့ .....

ဘာမှမသိပါဘူးဗျာ....။

သာသနာ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နှာစေးနေပါရစေ ...။

Anonymous said...

ပုထုဇဉ်တကော ဥမ္မတကောမဟုတ်ပါလားရှင်။
ကိုယ့် ထက်ပိုပြီး များများရူးနိုင်တော့ များများထူးသပေါ့ ။ တရားတော့ ရစရာဘဲနော်။ ဘယ်အရွယ်မဆို ခေါက်ခနဲ ဘဲနော်...
အဆင်သင့် ပြင်ပြီးပလား ..အဲ့ အချိန်ေ၇ာက်ဘို့ ..
မပြင်ရသေးရင်ပြင်နိုင်အောင်...ဒီ websites လေးတွေထဲကနေ.. လေ့ကျင့် ရင်း လှုပ်ရှား လုပ်ကိုင်နေထိုင်စားသောက်ကြပါစို့ နော်... ရဲရဲကြီးအာမခံရဲတယ်… ။ဘယ်အရာမဆို တရားအားကိုးပြီး လုပ်ကြည့် ပါ။ အံသြ စရာ အောင်မြင်မှုတွေဖြစ်လာတာ မနည်းတွေ့ ရမယ်။ လောကကြီးမှာ အနေတတ်၊ အသေတတ်..နဲ့  စိတ်ချမ်းချမ်းသာသာ နေသွားရင်း.... အေးအေးချမ်းချမ်းနဲ့  သေသွားကြ၇င် ဘယ်လောက် ပျော်စ၇ာကောင်းမလဲနော် ။ ယုံမလားမသိဘူး..ဒီလိုအကျင့် ကောင်းတွေပြောပြမယ့် သူ၊ ဒီဆရာတော်ကဲ့သို့  အလွယ်လမ်းနဲ့  ကောင်းတာတွေ သင်ပေးနိုင်တဲ့  ပုဂ္ဂိုလ်နဲ့ တွေ့ ခြင်းဟာ သင်ကံကောင်းလို့  remind လုပ်မဲ့ သူတွေနဲ့ တွေ့ တာပါတဲ့ ။
ကဲ …ဒီစာဖတ်မိတဲ့ သူငယ်ချင်းတို့  မင်းကံကောင်းနေဘီနော်..ဒီကံကောင်းတာလေးကို အသုံးချတတ်ပါစေနော်..
http://venuottmasara.multiply.com http://www.uottamathara.blogspot.com http://www.uottamasara.blogspot.com
http://www.realenlightenment.org

ဟီဟီး...တခါမှမေ၇းဘူးလို့ ကြိုးစားရေးကြည့်တာပါ ကိုရင်သြေ၇...