Friday, July 27, 2007

ကျွန်တော်လည်းရေးလိုက်ပါတယ်ဗျာ

အထီးကျန်မျှော်လင့်ချက်
ရေစီးကမ်းပြိုဖြစ်နေတဲ့ ဘ၀အကြောင်းတော့
စာလုံးပေါင်းပြမနေချင်တော့ပါဘူး
တော်ရာမှာနေနေရတာကြာပါပြီ
ပျော်စရာဆိုတာ ဘယ်မှာလဲကွာ
အချိန်ရှိတိုင်း သတိရတတ်တဲ့
အသိမဲ့ နှလုံးသားလည်း
ကြိုးမရှိတဲ့ ဂစ်တာတစ်လက်လို
သံစဉ်တွေပျောက်ရှ အားလုံးကမောက်ကမ ကြည့်ပါပဲ
သြော်....ဒါပေမယ့်
နွေလဆိုတာရှိနေသမျှတော့
ပုရစ်ဖူးလေးတွေ နုမြဖို.
မျှော်လင့်မိပြန်ပါသေးတယ်
ဒါကိုမှ မယူံရင်တော့
ဒီမှာကြည့် သက်သေပြစရာဆိုလို.
ဟောဒီချစ်ကဗျာလေးတွေနဲ့
ကို့ရင်ထဲကအချစ်တွေပဲ



ဒီကဗျာလေးကတော့ ကိုမိုးစွေ အတွက်ပါဗျာ
သူကို ရည်ရွယ်ပြီးရေးတာတော့မဟုတ်ပါဘူး ဟဲဟဲ
ဒီမှာရေးပေးမယ်လို.ပြောတာကြာပါပီ......
ကျွန်တော်လည်းအကြောင်းအမျိုးမျိုးကြောင့်မရေးဖြစ်တာ
အခုမှဘဲ အကောင်အထည်ဖော်ဖြစ်တော့တာ ဘဲဗျာ

No comments: