Tuesday, August 7, 2007

အိပ်မက်အပိုင်းအစ

ငါ့ကမ္ဘာသာယာပြီထင်ခဲ့ပေမယ့်မြူတွေကမပြယ်လွင့်သေးဘူး

စုတ်ပြတ်သတ်နေတဲ့ငါ့ရင်ခုန်သံတွေကိုအပျော်တမ်းကစားဖို့အတွက်ပဲမင်းရွေးချယ်ခဲ့တာပါ
သိပ်လှတဲ့စကားလုံးတွေရဲ့ကြားမှာငါဟာအသိစိတ်တွေကင်းမဲ့လို့ပေါ့
မာယာများတဲ့ မင်းရဲ့ ကကြိုးအောက် မှာငါဟာ တွေဝေမိန်းမောလို့............
ဒါပေမယ့် ငါ့အချစ်ကမင်းနဲ့မှမတန်တာ
သုံးမရတဲ့အကြင်နာတွေကိုထပ်ပြီးတော့အရောင်မတင်ပါနဲ့တော့ ငါအာရုံနောက်လွန်းလို့ပါ
လှပတဲ့မင်းနှုတ်ခမ်းကမုသားတွေကိုငါစက်စုတ်သွားပြီအပိုတွေမလုပ်ပါနဲ့တော့
မင်းရဲ့ညှိစော်နံနေတဲ့အချစ်တွေကိုတရော်နဲ့ဆေးပြီးပြန်သိမ်းထားလိုက်ပါတော့ ငါရွံလွန်းလို့ပါ......

No comments: