Tuesday, August 21, 2007

ငါ့ကိုမချစ်ပါနဲ့ 



မြင်မြင်သမျှဘ၀တွေက အဓိပ္ပါယ်မဲ့နေကြ
ခေတ်ရေစီးကြောင်းတွေ ဘယ်လောက်ပြင်းပြင်း
လောကဓားသွား ဘယ်လောက်ထက်ထက်
သူတို့  ခေတ္တအတိတ်မေ့နေတယ်
သင်တို့  ပြုံးပျော်လို့ ဝ ပြီလား.....။


စိတ်ကူးယဉ် အတွေးတွေနဲ့ 
တချို့ က ၀င်္ဂံဝုက္ကိကိုသုံးတယ်
တစ်ချို့ က ပါရမီပါပါရှောင်တယ်
အဲ....,တစ်ချို့ ကတော့
ရေနံဆီထဲ သရေကွင်းစိမ် ထားတဲ့ရုပ်တွေနဲ့ ။

အများသူငြာပြောတဲ့ ချစ်ခြင်းမေတ္တာတရား
အသာငမ်းငမ်းတဲ့ ၀ဇီပုပ်တွေ
မေ့လျော့ထားကြတဲ့ ပစ်ညတ်ချက်ငါးပါး
ဒါတွေအားလုံး စာရေးသူမှာကြားမယ်
"ငါ့ကို မချစ်ပါနဲ့ ".......,,.....,,.........။

မှတ်ချက်။ ။ဆရာတော် အရှင်ဆန္တာဓိကရဲ့ တရားတော်တစ်ပုဒ်ဖြစ်တဲ့
"ငါ့ကို မချစ်ပါနဲ့ " ကိုဆိုလို ချင်ပါတယ်.....။.......။

No comments: