ငိုရှိုက်နေတဲ့ နှလုံးသားနဲ့
ပိုက်ထွေးဆဲ လက်အစုံကြားက
သွေးစေးတို့ စွန်းထင်းနေဆဲ
ဝါကျန့်ကျန့် အင်္ကျီဖြူ ...
နှစ်တွေဝေးကွာ ကြာခဲ့ပေါ့
သက္ကရာဇ် ခရီးမှာ ဆိုက်နားခဲ့တဲ့
ဘူတာအမှတ် ( ၁၉ )
ဝေးကွာခဲ့ ပေမယ့် မမေ့နိုင်ခဲ့ပါဘူး
သမိုင်းရဲ့ စတင်ခြင်းမှာ ဆုံတွေ့ခဲ့တဲ့
၁၉၈၈ ခုနှစ်၊ သြဂုတ် လရဲ့ ၈ ရက်ည ...
သတိရနေဆဲပါ ...
ညီလေး မကြောက်နဲ့ ဒီကိုလာတဲ့
သွေးပျက်နေတဲ့ ၅ နှစ်သားကလေးငယ်
အားကိုတကြီး မော့ကြည့်ရင်း
တိုးလျှစွာ မေးခဲ့မိတော့မှ
နာမည်တစ်ခု သိခဲ့ရတယ်
ကြာခဲ့ပေမယ့် သတိရနေဆဲပါ
ကိုကြီး မိုးစွေ ရယ် ...
ကျွန်တော့်အပေါ် ခြုံလွှမ်းပေးခဲ့တဲ့
သွေးစေးတွေစွန်းထင်နေတဲ့
အဖြူရောင် အင်္ကျီတစ်ထည်
ယုံကြည်ချက်အတွက် ခရီးဆက်ဦးမယ်ဆိုတဲ့
ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့
သူရဲ့...
ထွက်ခွာသွားတဲ့ ခြေလှမ်းတွေ
နှစ်တွေကြာညောင်းလို့ ပြောင်းခဲ့ပေမယ့်
မနေ့တနေ့က လိုမျိုး မြင်ယောင်နေဆဲပါ...
အခု ....
ကလေးတစ်ယောက် လူလားမြောက်လို့
ဘ၀ ဆိုတာကို စတင်ခဲ့ပါပြီ
ကိုကြီးမိုးစွေ တစ်ယောက် လောကတစ်ထောင့်မှာ
တိုးတိတ်စွာမပျောက်ကွယ်စေရပါဘူး ...
ကျွန်တော့်ရဲ့ လက်တွေက
အစ်ကို့ရဲ့ အန္ဒတွေကို သယ်ဆောင်ရင်း
သယ်ဆောင်ရင်း ......
..........................
အစ်ကိုကြီး ရဲ့ ဆန္ဒတွေ
ဘယ်တော့မှ မကွယ်ပျောက်စေရပါဘူး .... ။ ။
Wednesday, August 8, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment