အရွဲ့တိုက်တတ်တဲ့ ကျွန်တော့ရဲ့အကျင့်က မနဲ့ပြေလည်တဲ့ဆက်ဆံရေးကို အစပျိုးဖို့တွက်နိဂုံးချုပ်စေခဲ့တယ်။
အမြဲတွေ့လိုက်တိုင်း အဆင်မပြေမှုတွေ၊ ဂရုမစိုက်မှုတွေ၊ အားပြိုင်မှုတွေနဲ့ပဲ နာရီတွေကုန်ဆုံးခဲ့တယ်။
အခြေအနေတွေ မပြောင်းလဲခဲ့ပေမယ့် အချိန်ကာလတွေကတော့ ဟောင်းနွမ်းသစ်လွင်ခြင်းတွေနဲ့ ရှင်သန်နေဆဲပါပဲ။ ဒါပေမယ့် ပေါ့လေအရာရာတိုင်းဟာ အမြဲတမ်းတော့ တသမတ်တည်းရှိမနေခဲ့ပါဘူး။ ပြောင်းလဲခြင်းဆိုတာ ရှိတတ်စမြဲပါ။ ဒီအခြေအနေတွေကို ဖန်တီးပေးခဲ့တာက ကျွန်တော့အမသုံးယောက်ပါ။ (အစ်မဆိုပေမယ့် အရင်းမဟုတ်ပါ၊ ကျွန်တော့ထက် အသက်ကြီးသော ကြောက်အစ်မလိုခင်ရသော သူငယ်ချင်းများကိုဆိုလိုတာပါ)။ သူတို့မိတ်ဆက်ပေးလို့ မနဲ့ပထမဆုံးဆုံဖြစ်ခဲ့ပါတယ်။ မှတ်မှတ်ရရ အဲ့ဒီနေ့က မရှော့ပင်လေးဝတ်ထားတယ်။ အရောင်ကအသားရောင်လေးနဲ့၊ မြင်နေကြမဟုတ်တဲ့ ပုံစံလေးနဲ့ မရဲ့ ပုံရိပ်ဟာ ကျွှန်တော်ကို ဆွဲဆောင်နိုင်ခဲ့တယ် နောက်ပိုင်းအချိန်တွေမှာတော့ မလတ်တို့ကနေတဆင့် မနဲ့ပိုပြီးအဆင်ပြေစေမယ့် အနေအထားတခုကိုရခဲ့တယ်၊ တယောက်အကြောင်း တယောက်သိလောက်အောင် ရင်းနှီးသွား ပြီးတဲ့နောက်မှာတော့ ကျွှန်တော်အရင်တုန်းက မမြင်ခဲ့ရတဲ့ မရဲ့အလှအပတွေကိုသိလာရတယ်၊ ကျွှန်တော်ပြောတဲ့အလှအပဆိုတာ အပေါ်ယံအရေးအပြားကို ပန်းနီဆိုးပြီးနှစ်သိန်းလောက်တန်တဲ့ အ၀တ်စကိုကိုယ်ပေါ်ခြုံပြီးလှနေတာကိုပြောတာမဟုတ်ပါဘူး၊ပွင့်လင်းတဲ့ မရဲ့စိတ်ဓါတ်၊ အားလုံးအပေါ် အကောင်းမြင်တတ်တဲ့ အလှတွေကိုပြောတာပါ။ ရင်းနှီးမှုသံယောဇဉ်တွေဟာ ခိုင်မြဲလာခဲ့တယ်အားလုံးထ (ကျွှန်တော်တို့ငါးယောက်)မှ ကျွှန်တော်တို့နှစ်ယောက် အမြဲတမ်းတတွဲတွဲနေခဲ့ကြတယ်။ တတွဲတွဲဆိုပေမဲ့ ကျွှန်တေိာတို့ရဲ့ဆက်ဆံရေးမှာ အဖြုရောင်သက်သက်ပဲရှိနေဆဲပါ။ (ကျွှန်တော်ဘက်ကဒီအချိန်ဒီကာလအထိပေါ့) ဒါပေမယ့်ဗျာ ကျွှန်တော်ဆိုတာတာကလည်း ခံစားမှုမရှိတဲ့သူမှမဟုတ်တာ၊ ကျွှန်တော်ခံစားချက်တွေစဖြစ်ခဲ့ရတာပေါ့ ………………………….
ခဏလေးစောင့်ပါအုံးဗျာ
စံစားမှုမပါခံစားမှုများစွာဖြင့်………...
No comments:
Post a Comment