Monday, August 27, 2007

ကဒေါင်းသစ်က ထောက်ပြပြီ

ဇဗ္မူဒိတ် နိမိတ်ဆိုတာ လျော့မတွက်ပါနဲ့၊ ကလင်တန်က နှာသံထွက်သလိုဘဲ ဘုရှ်က လက်သံပြောင်တာပေါ့၊ တိုက်တန်းနစ်က တိုက်ပြီးနစ်ခဲ့တယ်၊ ကြံ့ဖွံ့က ကြံလိုထွက်လာပေမယ့် နောက်ဆုံး ဖွတ်ဖြစ်မှာ မလွဲပါဘူး (မြန်မာပြည်ဆိုတာ လက်ယာတောင်ကျွန်းလေ) ၊ ကြက်ဆူတောမှာ မင်းမူတဲ့ဘုရင်ဆိုတာ ဘယ်လိုဘုရင်အစုတ်မျိုးလဲဆိုတာ သိကြပါရဲ့နော်၊ ရွေးစရာ အပင်များများရှိရက်နဲ့ ကြက်ဆူကိုမှ ရွေးမိတာ ဘယ်လိုအမှားမျိုးလဲ၊ ကြက်ဆူဆီနဲ့လည်တဲ့ စက်ရုံဆိုတာ မကြားမိသေးပါဘူး၊ များများစိုက်လေ ပိုပိုဒုက္ခဖြစ်လေပေါ့၊ သနားတယ်၊

ကျိန်စာများ သင့်နေရော့သလား
မြန်မာပြည်ရေမြေရဲ့ ပလ္လင်မှာထိုင်တဲ့သူတွေဟာ ဇာတ်သိမ်းမကောင်းကြဘူး၊ အနော်ရထာ ကျွဲခတ်လို့ သေတာကစလို့ ပဒေသရာဇ်ကုန်းဘောင်ဆက်ထဲကပေါ့၊ မောင့်ဘက်တန်လည်း လုပ်ကြံခံရတယ်၊ ဂျပန်လည်း အနုမြူဗုံးကျဲခံရတယ်၊ ဗိုလ်ချူပ်လည်း ကျတယ်၊ ဦးနုလည်း ထောင်ထဲရောက်၊ သမ္မတစပ်ရွှေသိုက်လည်း ထောင်ထဲရောက်၊ ဦးနေ၀င်းလည်း ခိုးချောင်ခိုးဝှက်သေ၊ စန်းယုလည်း အထီးကျန်သေ၊ ဦးမောင်မောင်နဲ့ ဦးစိန်လွင်လည်း ခဏလေးနဲ့ မျိုးကန်း၊ ဦးစောမောင်လည်း ရူးပြီးသေ၊ ဦးသန်းရွှေရော ......
အမလေး ..ဒုက္ခပါဘဲ .. နောက်လူအတွက် ရင်တောင်လေးပါရဲ့
မြန်မာသမိုင်းကို စဉ်းစားကြည့်တော့ ပြည်သူထဲက ဖြုတ်သတ် မလုပ်ခဲ့ရပါဘူး၊ သူတို့ အနီးကပ်လူတွေကဘဲ ဖြုတ်သတ်ထောင်ချဘေးပို့ အထီးကျန်ထားပြီး သေခဲ့ကြတာဘဲ၊ သန်းရွှေကိုရော .. သူ့နားက ဘယ်သူက ဖြုတ်သတ်မျိုးကန်း လုပ်တော့မှာလဲ ... နီးနေပြီ .. အကြောင်းပြချက်က ပြည်သူက မကြိုက်လို့ဆိုပြီး အကြောင်းပြလိမ့်မယ် .. သေချာတယ်၊

No comments: