Tuesday, August 28, 2007

ဘယ်လောက်ပေးပြန်ပြီလဲ မသိဘူး.......(ဒီပဲယင်း - ဒုတိယ) အဖြစ်

မြန်မာပြည်အစိုးရကတော့ ဆော်ပြန်ပြန် နောင်တော်တို့ရေ .....

မနေ့ညက မြန်မာ့သတင်းမှာ ငြိမ်းအေးစွာ ဆန္ဒပြသူတွေကို တရားဝင်ထိန်းသိမ်းမယ်တဲ့ဗျာ။

အခု လဲ မြန်မာအစိုးရက စံတော်ချိန် မွန်းလွဲ ၁ နာရီမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို လှည်းတန်းမီးပွိုင့်မှာ စောင့် ပြီးဖမ်းတယ်ဗျာ။ သံရုံးကနေ ဘယ်အထိလမ်းလျှောက် မယ်ဆိုတာတော့ ကျွှန်တော်မသိဘူးဗျ။ ဒါပေမယ့် မလျှောက်လိုက်ရတာတော့ သေချာ သွားပါတယ်။ စစ်အစိုးရနဲ့ အပေါင်းအပါး စားဖော်စားဖက်တွေက အရပ်ဝတ်အင်္ကျီတွေ ၀တ်ပြီးတော့ ဖမ်းလိုက်တယ် ခင်ဗျ။ လမ်းလျှောက်သူများကို ဖမ်းဆီထိန်းသိမ်းရာမှ ညင်သာမှုမရှိဘူးဗျာ။ တရားဝင် ရိုက်နှက်ထိုးကြိတ်ပြီး လာသမျှ လိုင်းကား များကို တားဆီး၊ ခရီးသွား ပြည်သူတွေကို အတင်းဆင်းခိုင်းပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို သက်ဆိုင်ရာကို ပိုပြစ်ကြပါတယ်။ ဒီတစ်ခါလဲ ဒီပဲယင်း(ဒုတိယ) လို့ ဆိုနိုင်မလားဗျာ။ ပြည်သူတွေကလဲ စစ်အစိုးရရဲ့ အာဏာတွေကို ကြောက်တော့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို မကူညီနိုင်တော့ဘူးလေ။ သူတို့လဲ လက်ပိုက်ပြီးကြည့်နေကြရတယ်ဗျ။ ပြီးတော့ ၀ိုင်းဝန်းဖမ်းဆီးပေးသူတွေကို ငွေသား ၂၀၀၀ ပေးမယ်လို့လဲပြောသေးတယ်တဲ့ခင်ဗျ။ နော်တော်တို့ရော॥ကျွှန်တော်ရော အားလုံးပဲ စဉ်းစားကြည့်ကြပါဗျာ။ ဘာလဲ ခေါင်းဆောင်ဆိုတာ။ မိန်းကလေးတစ်ယောက်ရဲ့ ရင်ဖွင့်သံဗျ။ အရမ်းပဲ စာနာမှုကင်းပြီးလူစိတ်မရှိတဲ့ ကောင်စုတ်တွေတဲ့။ ငြိမ်းအေးစွာ ဆန္ဒပြသူတွေကို ဖမ်းဆီးသူတွေက စတစ် အကျီနဲ့ ဗိုက်ပူပူလူကြီးများ ပါခင်ဗျ။ သူတို့ ထဲကပါပဲ။ စားနေကြကြောင်အိုကြိးများဖြစ်ကြမယ်လို့ ကျွှန်တော်ယူဆပါတယ်ခင်ဗျ။ ဖမ်းဆီးခံရသူတွေကို အလေးအနက်ထားပြီး ကျွှန်တော်ဆု တောင်းပေးလိုက်ပါတယ်...

ဘေးရန်ကင်းဝေးစွာနှင့် ငြိမ်းချမ်းကြပါစေ (စောက်အစိုးရ သက်ညှာရင်ပေါ့)

ဒီမှာထပ်ရေး

No comments: