Saturday, August 25, 2007

လျှောက်မှ ရောက်မယ်

လျှောက်မှ ရောက်မယ်

နေရိပ်အလာ နေပူက စောင့်တာထက်
အရိပ်ရှိရာကို နေပူထဲ ဖြတ်လျှောက်သွားကြရမယ် ...

ပြည်သူတွေ ထမင်းငတ်နေပြီ ... ငတ်တော့မယ် ...
ထမင်းငတ်တာထက် အလင်းငတ်တာ ဆိုးတယ် ...
သူတို့ ဖင်မြဲဖို့ အတွက်
ပြည်သူကို ညှင်းသတ်နေတဲ့ အစိုးရကို ဖြုတ်ချပစ်ဖို့ အချိန်ကျပြီ ...

ငါ ထမင်းဝရင်ပြီးတာပဲ ဆိုပြီး ဘေးထွက်မနေပါနဲ့ ...
ထမင်းဝဖို့ ဘယ်လို ဘ၀မျိုးနဲ့ ရုန်းကန်ရှင်သန်နေရတယ်ဆိုတာ ကိုယ့်ကိုယ်ကို အသိဆုံးပါ ...
ကိုယ့်ကိုယ်ကို လူလို့ သတ်မှတ်ရင် လူပီသစွာ နေထိုင်ရှင်သန်ခွင့်ရဖို့လည်း လုပ်ကြရမှာပါ ...
ဖြစ်သမျှ အကြောင်းအကောင်းချည်းပါပဲ လို့ ခေါင်းရှောင်နေရင် ၊ လက်လျှော့အရှုံးပေးနေရင် အဲဒါ လူမဟုတ်တော့ဘူး ...

ကြောက်နေလို့လား ???
ရှက်တတ်စမ်းပါ ...
ကြောက်ရမှာကို ရှက်တတ်စမ်းပါ ...

မျက်တောင်တဆုံးစာလောက်နဲ့ ကိုယ့်အနာဂတ်ကို မသတ်ပါနဲ့
မျက်စိတဆုံးစာ တွေးပြီး တိုက်ပွဲဝင်ကြ ...

ဘေးမချော်စေနဲ့ ... ခေါင်းဆောင်ပိုင်းကို အဓိကထား ... လက်အောက်ငယ်သားတွေကို စည်းရုံး ... ၀ါးလုံးရှည်နဲ့ မရမ်းကြနဲ့ ... သူတို့လည်း မုန်းနေကြတယ် ...
သူတို့ ပါဝင်လာအောင် လုပ်ကြ ...

ကဲ ... အစိုးရ ကို ပြစ်တင် ဆဲဆိုနေရုံနဲ့ ကျွန်တော်တို့ လိုချင်တဲ့ လူအခွင့်အရေး ... မရဘူး ...
သူတို့ကို ဖြုတ်ချဖို့ တတ်နိုင်တဲ့ ဘက်က ပါဝင်ကြ ...
လူပီသချင်ရင်
တတ်နိုင်သမျှ ပူးပေါင်းပါဝင်ကြ ...

(ကိုယ်မှီတင်းနေထိုင်ရာမြေကို “ ဒါတို့ပြေ၊ ဒါတို့မြေ” ဆိုပြီး ချစ်မြတ်နိုးတာဟာ မျိုးချစ်စိတ်တော့ မှန်ပါရဲ့။ ဒါပေမဲ့ မျိုးချစ်စိတ်တစ်ခြမ်းပဲ ရှိသေးတယ်။ အဲဒီမြေကို တကယ့်ကို ချစ်ထိုက်အောင် မြတ်နိုးထိုက်အောင်ပါ ဖန်တီးနိုင်မှ ပြည့်စုံတဲ့ မျိုးချစ်စိတ် ဖြစ်လာနိုင်ပါတယ်။)
ဆရာဦးအောင်သင်း



No comments: