Saturday, September 8, 2007

မေတ္တာမှန်က စူးရှဒဏ် ပြင်းစေသား



အလင်းအမှောင် ၊ ဆာလောင် အိပ်စား
ငိုရယ်(ရီ) ရွင်ပြုံး လွပ်လပ်ဆုံးဘ၀ရဲ့
အမဲစက်တင် မထင်သေးတဲ့
ဖြူလွှလွှ ဘ၀ရဲ့ နိဒါန်း

ဘယ်အပြစ်တွေ ဖန်တီးခဲ့လေတယ်လို့
ရင်မှာ တီးတိုး အပြစ်မျိုးဆိုရပါ့
ဖေဖေ ၊ မေမေ ဘယ်မှာလဲလို့
တကယ်လို့များ သူမေးတတ်မယ်ဆိုရင် ...
ခွင့်လွှတ်ပါ သမီးလေးရယ် ...
ဘယ်လိုဖြေရ .... ဦးတွေးမရလို့ပါ ...

မင်းရဲ့ ဖေဖေ မင်းမေမေတို့
ပြည်သူ့ဘ၀ ပြသရင်းနဲ့
လမ်းလျှေက်မိခဲ့ကြလို့
လမ်းပေါ်ကပျောက် ဘယ်ဆီရောက်မှန်း
ဦး ... တကယ် မတွေးတတ်လေတယ်လို့
ဘယ်လိုနှလုံးသားနဲ့ ခံစား
ပြောကြားထွက်ပါ့မလား ...


တကယ်ဆို ...
သမီးကို ဦးပြောချင်ပေမယ့်
ရက်စက် ရိုင်းစိုင်း ၊ နှိုင်းရက်မမှီ
ယုတ်မာသည်က ... ပဓါန
အာဏာမြရေး ထင်တိုင်းကျဲကြလို့
ရဟန်းပင် ... ထီမထင်သလို့
သေနတ်တွေပင် ကျည်ဆံထွက် ...
ဘုန်းဘုန်းတို့အတွက်တောင်
ဒင်းတို့ အဟုတ် လုပ်ကြံချင်သေးရဲ့
အာဏာ ၊ ပါဝါ .....
ဒါတွေကလွဲရင် ငါမထင်တဲ့
အပ္ပါယ် လောက ရဲ့ဘုရင် နန်းတော်ရှင်ကို
ကျွဲပါးလို့ သဘောထား
စောင်းကစားမပြတော့ပါဘူး
သမီးလေးရေ ....

သမီးလေးဖေဖေ၊ မေမေတို့ နဲ့
ရဲ...၀ံ့...ခဲ့...ကြ...တဲ့သူတွေ
သူတို့....
သူတို့တွေ .....
သူတို့တွေရဲ့......
ဆက်မပြောပါရစေနဲ့ သမီးလေးရယ် ...
မျက်ရည်ကြားက မေတ္တာ
သမီးလေးဘ၀ အေးချမ်းပါစေကွာ .....။ ။

နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ( မော်ဒန် နာဇီပါတီ ) ရဲ့ တရားလက်လွတ် ချောင်းမြောင်းဖမ်းဆီးမှုကြောင့် ကိုဂျင်မီ (ခ) ကိုကျော်မင်းယု နှင့် မနီလာသိန်း တို့ရဲ့ တစ်ဦးတည်းသော ၄-လ အရွယ် သမီးလေး ဖြူနေခြည်မင်းယု ရဲ့ ဘ၀၊ မိဘတွေနဲ့ အမြန်ဆုံးပြန်လည်တွေ့ဆုံနိုင်ကြပါစေလို့ တောင်းဆု ပြုရင်း ...

"မေတ္တာမှန်ရင် စူးရှဒဏ်ရာ ပြင်းပါတယ်"

2 comments:

MOON ! said...

Go around , Come around! I feel very sympathy on her! I am really proud of her parents ! Be peaceful in your life Baby!!! With regards ,MOON~

ရွက်ဝါ said...

အေးချမ်းသာယာသော အချိန်ကာလ မြန်မြန်ရောက်ပါစေ။ မိဘနဲ့ သားသမီး အမြန်ဆုံးပြန်ဆုံနိုင်ပါစေ။