Wednesday, September 12, 2007

တပ်ချုပ်ကြီး (သို့) သန်းတာလီရွှေဘန်

ဘာသာရေး မျက်စိနဲ့ ကြည့်လို့ကတော့ ဘ၀နိဂုံးရော၊ သံသရာအတွက်ရော မတွေ့ဝံ့စရာအကုသိုလ်ပါ။ ဗုဒ္ဓအယူဝါဒနဲ့ ပါတ်သတ်ပြီး သမိုင်းစဉ်တလျှောက်မှာ ရတနာသုံးပါးကို သိရဲ့နဲ့ဘဲဖြစ်ဖြစ်၊ မသိဘဲနဲ့ဖြစ်ဖြစ် အဂါရ၀ဖြစ်စေတဲ့ အပြုအမူတွေ၊ စော်ကားမှု့ဖြစ်တဲ့ အပြုအမူတွေဟာ ဇာတ်သိမ်းမကောင်းခဲ့ပါဘူး။ ကယ်မလို့လဲ မရခဲ့ပါဘူး။ ဒေ၀ဒတ်နောင်တရခဲ့တာတောင် ဘုရားကိုယ်တိုင် မကယ်နိုင်ခဲ့ပါဘူး။
ဒီဘက်ခေတ် အာဖဂန်က တာလီဘန်အစိုးရကိုကြည့်လိုက်ပါ။ သူ့တိုင်းပြည်သူလူမျိုး၊ သူ့ဘာသာရေးအစွဲနဲ့ ဘယ်လိုအုပ်ချုပ်ခဲ့ အုပ်ချုပ်ခဲ့၊ အာဖဂန်နဲ့ ပါကစ္စတန်နယ်စပ်မှာ ကမ္ဘာ့အမွေအနှစ်ဝင်ဖြစ်တဲ့ [သဒ္ဒါပြင်းပြမှု၊ ဇွဲ၊ ကောင်းမှု့ကံစေတနာပြင်းထန်မှုတို့ ပါဝင်တဲ့] ဖောက်ထွင်းပြီး ထုဆစ်ခဲ့တဲ့ မတ်ရပ်ဗုဒ္ဓရုပ်ပွားတော်ကြီးကို UN အပါအ၀င် တကမ္ဘာလုံးက (ဘာသာစုံက) တားနေရင်းကနေ မိုင်းခွဲဖျက်ဆီးခဲ့မှု အကုသိုလ်ဟာ အခုတော့ မိုင်းခွဲခဲ့သလို တခြားနိုင်ငံက လာကြဲခဲ့တဲ့ ဗုံးမျိုးစုံဒဏ်ခံရရုံမက နယ်စွန်နယ်ဖျားပြေးလွှားရတဲ့ ဘ၀အထိ ပြုတ်ကျပြိုကွဲခဲ့ရပြီလေ။


တာလီရွှေရေ ..
၈၈ နောက်ပိုင်း တပြည်လုံးကို ဘယ်လိုဘဲ နလံမထူအောင် ဖိနှိပ်အုပ်ချုပ်ခဲ့ အုပ်ချုပ်ခဲ့၊ ပခုက္ကူသံဃာ့အကြမ်းဖက်မှု့ဟာ ဒေ၀ဒတ်အပြုအမူ လိုဘဲ သံဃာတော်တွေ သွေးစိမ်းရှင်ရှင်ဖြစ်ခဲ့ရပြီ။ သံဃာတော်ဆိုတာ ရုပ်/နာမ် နှစ်ပါးဖွဲ့စည်းထားတဲ့ ရတနာစစ်စစ် ဗုဒ္ဓရဲ့ကိုယ်ပွားတော် တွေပါ (ဗုဒ္ဓရဲ့ ဓမ္မကို သယ်ဆောင်ခဲ့သူတွေ)။
တာလီရွှေခင်ဗျာ
ဘယ်လိုပုံစံမျိုး ဥာဏ်နီဥာဏ်နက်မျိုးဘဲဖြစ်ဖြစ်၊ အသိစစ်စစ်ဝင်ခဲ့လို့ကြောင့်ဘဲ ဖြစ်ဖြစ်၊ ဘယ်လိုပုံစံနဲ့ဘဲ ၀န်ချတောင်းပန်ပါစေ။
နှောင်းခဲ့ပြီ အာဏာမာန်တတ် မမြဲခြင်းတရားကို သတိလွတ်လို့ ငါနှင့်ငါ့ဟာတွေ မြဲရမယ်ဆိုပြီး အ၀ိဇ္ဖာဖုံးခဲ့တဲ့ အမှားကြီးဟာ တဘ၀ခန္ဓာ မသိမ်းခင်ကို မဂ်ဖိုလ်ပိတ်ခဲ့ပြီ၊ သံသရာနစ်ခဲ့ပြီ။ တဘ၀သာခံစားရမယ့် အာဏာစည်းစိမ်နဲ့ သံသရာကိုလဲခဲ့ပြီ၊ တာလီဘန်အစိုးရလိုဘဲ ဇာတ်သိမ်းမလှဖြစ်ခဲ့ပြီ။ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ - ဗုဒ္ဓနဲ့ ငြိခဲ့သူတွေ အတွက် ပြေးစရာမြေမရှိပြီ။
စာဖတ်သူများခင်ဗျာ - ၈၈နောက်ပိုင်းမှာ တိပိဋက ဆရာတော်တပါးကို ထောင်ထဲထည့်ခဲ့တဲ့ ဗိုလ်ချုပ်စောမောင်ရော၊ ဗိုလ်ခင်ညွှန့်ပါ သိတဲ့အတိုင်း ဇာတ်သိမ်းမလှခဲ့ပါဘူး။ ဗိုလ်ခင်ညွှန့်က နဲနဲလည်တော့ ၄၄နှစ်ကို အကျယ်ချုပ်နဲ့ပေါ့။ နည်းနည်းတော့ သက်သာသွားတာပေါ့။ ဒါပေမယ့် သံသရာမှာ မလွတ်ပါဘူး။ တာလီရွှေရော ဗိုလ်ခင်ညွှန့်လောက်လည်ပါ့မလား။ စောင့်ကြည့်ကြပါစို့။ ထင်တော့မထင်ပါဘူး။

2 comments:

Anonymous said...

တာလီဘန်ဟာ ကျနော် အမှတ် မမှားဘူးဆိုရင် အာဖဂန် နစ္စတန်က “ကျောင်းသားတွေ” လို့ အမည်ရတဲ့ လက်နက်ကိုင်တပ် ဖြစ်တယ်လို့ ထင်ပါတယ်။ သူတို့လည်း ဘာသာရေး အစွန်းရောက် ဖိနှိုပ်မှု အချို့ရှိလို့ သန်းရွှေနာမည်နဲ့ တွဲလို့ရနိုင်ပေမဲ့ ကျောင်းသားတွေ ဆိုတဲ့ဟာနဲ့ ဗိုလ်သန်းရွှေနဲ့ ရောရေးတာက ကျနော်တို့ ဖက်မှာလည်း ကျောင်းသား တပ်မတော်က ရှိနေတော့ ဘ၀င်မကျသလိုလေးတော့ ဖြစ်သွားမိပါတယ်။

ကျေးဇူးတင်ပါတယ်ခမျ။

ကဒေါင်းသစ် said...

ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တာလီဘန်ဆိုတဲ့ စကားက အာဖဂန်အသုံးဖြစ်လို့ မြန်မာပြန်အနေနဲ့ နားလည်စရာမလိုအပ်ဘူးလို့ ထင်ပါတယ်။ တမ္ဘာလုံးက တာလီဘန်ကို ကျောင်းသားဆိုတဲ့ ဘာသာပြန်အနေနဲ့ နားလည်တာ မဟုတ်ဘဲ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်း၊ အစွန်းရောက် အကြမ်းဖက်ခြင်း၊ လူ့အဆင့်အတန်း မရှိခြင်း၊ စတဲ့ စတဲ့ မကောင်းမှုမျိုးစုံ ကျူးလွန်တဲ့ လူလွန်မသားတွေရဲ့ အဖွဲ့အစည်းရဲ့ အထိမ်းအမှတ် နာမည်အဖြစ် နားလည်ကြမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ထပ်တူပြုမိပါတယ်။ ဒါကြောင့်မို့လို့ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် ဦးတည်ကျိုးပမ်းနေတဲ့ ကျောင်းသားတပ်မတော်ကြီးရဲ့ ဂုဏ်ရည်ကို မထိခိုက်ဘူးလို့ ထင်ပါတယ်။