Sunday, September 16, 2007

ဂုဏ်ယူပါသည်..သံဃာအရှင်သူမြတ်များ..


ကံ ကံ၏အကျိုးကို...ယုံကြည်သဒ္ဓါ
သက်ဝင်စေတနာ..ဗုဒ္ဓဘာသာဝင်တဦး
တပည့်တော်မ..အကျွန်ုပ်မသဒ္ဓါ
အရှင်ဘုရားတို့ ၏..၀ိနည်းတော်..
ကျင့်ကြံတရား.မေတ္တာတရားမြတ်ကိုလေးစား
ရှစ်ခိုးပူဇော်.ကန်တော့လိုက်ရပါသည်ဘုရား။

ရဟန်းစားရသော..ဆွမ်းတနပ်..ပြည်သူဘက်မှရပ်သော
သီလ..သစ္စာ..သမာဓိ.ဂုဏ်ယူမိပါသည်..အရှင်။

သမာအာဇီဝမတည်.လာဘ်လာဘမှရတဲ့ဆွမ်းကိုမစား
တပည့်တော်တို့ လေးစားပါတယ်ဘုရား။

တိုင်းရင်းသူများကို စော်ကား..မုဒိန်းစစ်သားရဲ့
ဝတ္တုကို..မခံယူမှု…သာဓု.. သာဓု.. သာဓု..။

ဘာသာမရှိ..လက်အုပ်ချီပြီး..လက်ကားယား
မေတ္တာစိတ်မဲ့သူ လူသတ်သမား..
သွေးစွန်းလက်နဲ့ ထိထားတဲ့ဆွမ်းခဲဘွယ်အစား
ပြည်သူများရဲ့သမာအာဇီဝသဒ္ဓါဆွမ်းနဲ့  အဟာရလုပ်
ကြီးမြတ်တင့်တယ်ပါတယ်ဘုရား။

သစ်ဝါးတပင်..ကျောင်းမည်ချင်..
ချိုးခြံအမှု..တကာများရဲ့ ဘ၀ကိုစာနာသမှု..
လေးစားဂုဏ်ပြုပါတယ်ဘုရား။

မှဲ့ ထင်မညစ်..နှစ်ထောင်ချီစေမဲ့သာသနာအမွေစစ်..
သန်စင်မှုပြု..ပီတိအမှု..အနုမောဓနာပါဘုရား။

တပြည်လုံးကိုဖျက်ဆီး.လူမိုက်ကြီးများရဲ့
ပုတ်ဟောင်အာခံတွင်းက..အရေခြုံငါးပါးသီလ..
ဘန္ထေအာမ.စကား..နားခါးတာ..မှန်ကန်ပါတယ်ဘုရား။

ဘာသာအရောင်ပြ..ယူနီဖောင်းဝတ်နဲ့ရေစက်ချ..
ရှေးမင်းအဆက်ဆက်တောင်
မင်းမြောက်တန်ဆာနတ္တိ
ဝတ်ဖြူစင်ကျယ်အတိနဲ့ မှ..ရေစက်ချရြဲက
အမြင်မတော်ခဲ့ ဆင်တော် နဲ့ခလောက်.
လားလားမှနိဗ္ဗါန်မရောက်နိုင်မဲ့ဒီလိုလူ
သပိတ်မှောက်အောင်လံတော်သာ..ထူပါတော့ဘုရား.။

လူမမည်ကျောင်းသားတွေသတ်။
သာသနာကိုစော်ကား..သံဃာကိုညှင်းပန်း
ဆွမ်းကွမ်းမရအောင်..ကျောင်းတံခါးသော့ပိတ်
ဗလာနံလူမိုက်တွေကို..အစောင့်ချ..
အပြင်တွက် စင်္ကြန်လေးမှမလျှောက်ရ..
သဒ္ဓါကြည်ဖြူ..ကပ်လှုဆွမ်းကလေးမှမခံရ.
ပင့်သံဃာ..တနားရေအေးတိုက်ကြွေးခွင့်လည်း..မရ..
မေတ္တာပရိတ်တရား.ဆိုကြွေး.စည်းဖြန်းခွင့်လေးမှ..မရ..
ဆွမ်းတကာများရဲ့ လူမှုရေး..ဘုန်ကြီးရဲ့အရေးပါဘဲ
လူဘောင်ကြားစည်းကာလနားတွေရွံ့ မုန်း..
ကတုံးတုံးရိပ်ကြီးဝင်.သန့်စင်တဲ့ရဟန်းဘောင်..
သံဃာရဲ့ဝိနည်းဘဲဆောင်..မင်းဆိုးအာဏာစက်..
စီရင်..လိုက်နာချက်များမလို..
ရိုက်ပုတ်..ညှင်းပန်း..သိက္ခာချ လူဝတ်လဲ
ဘုန်းကြီးဘ၀တောင်ရဲရဲမနေရတဲ့ ဘ၀..
ပတ္တနိက္ကုဇ္ဇနသပိတ်ကံတော်ကိုဆောင်..
အမျိုးနဲ့ သာသနာ့ဘောင်..ထွန်းပြောင်နိုင်ပါစေဘုရား..

အရှင်ဘုရားတို့ နောက်မှာတပည့်တော်တို့ ပြည်သူ..
အတူတူလက်တွဲ
ဘာသာပျက်မင်းညစ်ကိုတော်လှန်မဲ့သပိတ်ပွဲ..
ရဲရဲသာ..ချီပါ့ဘုရား..
ဇွဲနဲ့ သာတိုက်ပါဘုရား..

တပည့်သားမြေးများ.ဂုဏ်ဝင့်မော်..
မွန်မြတ် သန့် စင်သော..
ဗုဒ္ဓသာသနာတော်..ရောင်ဝါနေသို့ လင်းပါစေသော်ဝ်

မသဒ္ဓါ ( ၉။၁၅။၂၀၀ရ)

No comments: