Thursday, September 6, 2007

စခဲ့ပြီ

(၅.၉.၂၀၀၇ ဗုဒ္ဓဟူးနေ့)
ဒီနေ့ ပြင်ပအသံလွှင့်ဌာနတွေက ပခုက္ကူက သံဃာတော်တွေ အပါး ၅၀၀ကျော်တွေရဲ့ မြို့ပတ်ဆန္ဒပြ မေတ္တာသုတ် ရွတ်ဖတ်သရယ်ဆယ်တဲ့ပွဲ မှာ ပထမဆုံး အကုသိုလ် စစ်တပ်ရဲ့ သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်ဖောက်မှု၊ စပိန် နွားရိုင်းဖမ်းသလို ကြိုးကွင်းပစ်ပြီး သံဃာတော်တွေကို ပစ်ဖမ်းမှု၊ ဓာတ်တိုင်မှာ ကြိုးတုပ်ပြီး သံဃာတော်တွေကို ရိုက်နှက်၊ သေနတ်ဒင်နဲ့ စောင့်မှုတွေကို တုန်လှုပ်ခြင်းကြီးစွာနဲ့ ကြားလိုက်ရတယ်။ ကျဆုံးခန်းကိုသွားဖို့ အကုသိုလ်ခြေတလှမ်း စလိုက်ပြီလို့ ထင်ပါတယ်။ အာဏာလက်လွှတ်ရမှာ အကြောက်ကြီးကြောက်ခဲ့တော့ လုပ်အပ် မလုပ်အပ်၊ မဆင်ခြင်နိုင်တော့ဘူး။

ရှေ့လျှောက်ဆက်တိုက်မှားတော့မှာ၊ ကျဆုံးတတ်တဲ့လူများဟာ ဒီလိုဘဲ ဆက်တိုက်မှားတတ်ပါတယ်။ သန်းရွှေတို့ အဖွဲ့တွေ နောက်ကျခဲ့ပြီ။ အခုချိန်မှ ဓာတ်ဆီဈေးဘဲ ချပေးပေး၊ အလကားဘဲ ကားပေးစီးစီး၊ အချိန်နှောင်းခဲ့ပြီ။ သန်းရွှေတို့အတွက် တစ်ခုဘဲ ထွက်ပေါက်ရှိတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား တွေ့ဆုံဆွေးနွေးခြင်း တစ်ခုဘဲ ကျန်တော့တယ်။ ဘာကြောင့်လဲဆိုတော့ တပြည်လုံးက သပွတ်အူနဲ့ စာဘူးတောင်း ဖြစ်နေပြီ။ ဆုတောင်းနေစရာမလိုတော့ပါဘူး။

No comments: