Thursday, September 6, 2007

ပခုက္ကူမြို့နှင့် နိုင်ငံတ၀ှမ်း အုံကြွလှုပ်ရှားလျှက်ရှိသော သံဃာတော်များဦးဆောင်နေသည့် လူထုတိုက်ပွဲများအပေါ် မကဒတ ၏ ထုတ်ပြန်ကြေညာချက်

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး

၁၊ စက်တင်ဘာလ ၅ ရက်နေ့နှင့် ၆ ရက်နေ့များတွင် ပခုက္ကူမြို့ အုံကြွလှုပ်ရှားမှုများကို နအဖ စစ်အုပ်စု၏ လက်ကိုင်တုတ်များက မတရား ဖိနှိပ်ရက်စက်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း သံဃာတော်များနှင့် လူထု တရပ်လုံးမှ တုန့်ပြန်လှုပ်ရှားတိုက်ပွဲဝင်နေမှုများကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ)မှ အပြည့်အ၀ထောက်ခံ အားပေးလိုက်သည်၊

၂၊ အလားတူ နိုင်ငံတ၀ှမ်း လှုပ်ရှားတိုက်ပွဲဝင်နေသူများအားလုံးကိုလည်း တနိုင်ငံလုံးအတိုင်းအတာဖြင့် စုစည်းနိုင်စေရန် ကြိုးပမ်းကြစေလိုပါသည်၊

၃၊ ယနေ့ကာလသည် မြန်မာနိုင်ငံတ၀ှမ်း လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတရပ်လုံး ပါဝင်ဆင်နွှဲရမည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး လူထုတိုက်ပွဲကြီးပင်ဖြစ်သည်၊

၎၊ နိုင်ငံတ၀ှမ်းလုံးရှိ သံဃာတော်များ။ ကျောင်းသားလူငယ်များနှင့် ပြည်သူလူထုတရပ်လုံးအား မကဒတ ဥက္ကဌ ရဲဘော်သံခဲမှ ယခုကဲ့သို့ ပန်ကြားလိုက်ပါသည်၊

“ဆရာတော်ကြီးများ။ သံဃာတော်များ။ ကျောင်းသားလူငယ်တွေနဲ့ ပြည်သူများအားလုံးခင်ဗျား - ဒီကနေ့ ဒီအချိန်မှာ တနိုင်ငံလုံး အစွမ်းကုန်စုစည်းညီညွတ်ပြီး တိုက်ပွဲဝင်ကြပါ၊ ကျနော်တို့ မကဒတအနေနဲ့လည်း ကျရာအခန်းကဏ္ဍကနေ လက်တွဲတိုက်ပွဲဝင်သွားဖို့ အဆင်သင့်ရှိနေတယ်ဆိုတာကို လျှောက်ထား ပန်ကြားလိုပါတယ်”


၅၊ မကဒတ အနေဖြင့် နိုင်ငံတ၀ှမ်း လူထုတိုက်ပွဲကြီး အရှိန်မြှင့်ဆင်နွှဲသွားကြရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဖော်ပြရင်း ဤကြေညာချက်ကို ထုတ်ပြန်အပ်ပါသည်၊

ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး
ရက်စွဲ၊ ၊ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၆ ရက်

ဆက်သွယ်ရန်
ရဲဘော်မျိုးဝင်း၊ ၊ ဖုန်း - ၀၈၁၀၃၅၃၄၅၈

No comments: