Saturday, October 6, 2007

ကမ္ဘာကြည့်လား ကိုယ့်အဖြစ်အပျက် ကိုယ်ကြည့်မှာလား

ကမ္ဘာကြီးက ကြည့်နေတယ်

နှောင်ကြိုးတွေ အကျိုးစီးပွားတွေ

ရစ်ပတ်လို့

လက်ဖက်ရည်ခွက်ထဲ မုန်တိုင်းဆင်မှုတွေနဲ့။



ကမ္ဘာကြီးက လာသွားတယ်

ဖုတ်ဖတ်ခါနိုင်လှတဲ့ စဉ်းစားမှုတွေ

ယဉ်ကျေးမှုတံတိုင်းတွေကို ကွယ်ကြည့်မှုများ

လူမမြင်သူမမြင် သံခင်းတမန်ခင်း နိုင်ငံရေး ကန့်လန်ကာများ။

ကမ္ဘာကြီးက ပြန်သွားတယ်

ကမ္ဘာပျက် အဖြစ်အပျက် မဖြစ်ခဲ့သလိုမျိုး

အဖြစ်အပျက်ဟာ တောင်ကျချောင်းလို

ဒယဥ့်သီတိုက် စီးသွားပါသလား။

သံစဉ်တွေ

ညှိ မရတော့ဘူး

ဂလုပ်ဘယ်လိုက်ဇေးရှင်း

အိုင်တီ

တတိယလှိုင်းနဲ့ မဆိုင်ဘူး

နေ့စဉ် စားဝတ်နေရေး

နေ့စဉ် အဖိနှိပ်ခံရမှု

ညစဉ် သာသနာထိန်းသိမ်းရမှုများ

ညစဉ် တဦးချင်းစီ မိသားစု တစုချင်းစီ စိုးရိမ်၇မှုများ

ညစဉ် ဆွေမျိုးညာတိ ကိစ္စများ က

ငါတို့ သံစဉ်ကို ပြဌာန်းခဲ့ပြီ။

နီမောင်းတဲ့ ကတ္တရာလမ်းတွေကို

ကတိသစ္စာပြုလို့

ကိုယ်စိုက်တဲ့အပင်

ကိုယ်ရိတ်သိမ်းမယ်။

ကျေးဇူးတင်ရမယ့် ကမ္ဘာကို ကျေးဇူးတင်ကြ

ကျေးဇူးမဲ့ရမယ့် ကမ္ဘာကို ကျေးဇူးမဲ့တတ်တာဟာ

ငါတို့ရဲ့ သစ္စာတရားဘဲဖြစ်တယ်။

မြင့်ဇေ


1 comment:

အိုးဝေအောင် said...

ကိုဖိုးဇေ အမှတ်တရ ဘလော့စာမျက်နှာလေးတခု
ထပ်ဖွင့်နိုင်ရင်ကောင်းမယ်နော်။
တာရာမင်းဝေအမှတ်တရ
ဘလော့လိုပေါ့။