Saturday, February 16, 2008

အတုနဲ့အစစ်

ကချောက်တိကချောက်ချက်
လူ့ဗျောက်သောက်နဲ့
ကျို့တို့ကျဲတဲနေပူထဲမှာ
တကျွီကျွီထွက်လှည်းနဲ့ဆွဲ
ဗိုလ်ချုပ်စိုးဝင်းဈာပနပွဲ
တပ်ချုပ်ကြီးတို့ဆင်ကာနွဲ
ဘုရားစူးရဲ့ ..
နိုင်ငံတော်ရဲ့အသုဘပွဲ
လှည်းနေလှေအောင်းမြင်းစောင်းမကျန်
မိုးနဲ့မျက်ရည် အပြိုင်ရွှဲကာ
လူထုတရပ်လုံးပါဝင်နွဲကာ
သမိုင်းတွပ်ရစ်အနှစ်ရှိတာ
ဗိုလ်ချုပ်အောင်ဆန်း အာဇာနည်ပါ ..
ဒါမှလေ ..
နိုင်ငံတော်ရဲ့ ဈာပန အစစ်ပါ ..
တတိုင်းပြည်လုံး သဘောတူခဲ့တာ။ ။

No comments: