Tuesday, May 13, 2008

အိမ်ဆောက်ပစ္စည်းများ ပို့ပေးမည်...

မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဒိန်းမတ်အစိုးရရော ပြည်သူတွေကပါ အရမ်းစိတ်ဝင်စားနေကြပါတယ်။ မြန်မာနိုင်ငံက စစ်အစိုးရကိုလည်း လက်ဖျားတခါခါ နဲ့ အတော့်ကို အော်ကြောလန် နေကြတယ်ပေါ့။

အောက်က ဓါတ်ပုံကမြန်မာပြည်ကို အိမ်ဆောက်ပစ္စည်းတွေ လှူဒါန်းမယ့် ကြော်ငြာပါ။

ကြော်ငြာပါ စာသားအဓိပ္ပါယ်အရ ...

ဆိုင်ကလုံးမုန်တိုင်းတခု၊ အိုးမဲ့အိမ်မဲ့ ပြည်သူတသန်းနဲ့ စစ်ကောင်စီ တခုရှိပြီးသား မြန်မာနိုင်ငံကို သင်ဘာတွေ ထပ်ပေးအုံးမှာလဲ လို့ ဆိုလိုပါတယ်။

အောက်ဆုံးမှာတော့ ခရိုနာငွေ ၂၀၀ ပို့ပေးဖို့ ဖော်ပြထားတဲ့ ၀က်ဘ်ဆိုဒ် လိပ်စာက ဒိန်းမတ်က နာမည်ကြီး သတင်းစာတိုက်တခု ပါပဲ။ အဲဒီ သတင်းစာတိုက်နဲ့ ဒိန်းမတ် ကြက်ခြေနီတို့ မြန်မာပြည်ကူညီမယ့်အရေး ပူးပေါင်းဆောင်ရွက်ပေးနေတာပါ။

ဒီကနေ့ထုတ် 24timer သတင်းစာမှာ ပါလာတာဖြစ်ပါတယ်။

No comments: