Tuesday, May 20, 2008

တစ်နှစ်သားလေး အိမ်မက်အိမ်

ငါဘာရေးမလဲ ။ဒီတစ်နှစ်ကြားကာလထဲမှာ ဖြစ်ပျက်ခဲ့တဲ့ သမိုင်းမှတ်တိုင်တွေက တန်းစီလို့လေ ။ငါတို့ဘာလုပ်လဲ ။စာရေးတယ် ။ကောင်းတာပေါ့ ။ကလောင်ကိုင်ပြီး တိုက်ပွဲဝင်ကြတယ်ပေါ့ ။အဲဒါနဲ့ပြီးပြီလား ။လိုအပ်တာတွေ ပြည့်စုံလာရောလားကွာ ။ကဲ မင်းပြောလေ

အော်တာတော့ လူတိုင်းက အော်ခွင့်ရှိရင် အော်နိုင်တာပေါ့ ။လာလည်ပါဦး ။ဖက်ကြပါဦး အော်တဲ့ကောင်တွေက လည်းရှိသေးတယ် ။ဒုက္ခကွာ ။Blog ပေါ်မှာ ဘာလုပ်နေတာလဲ ။စုစည်းဖို့လိုလို့ စည်းရုံးတာက တစ်မျိုးပေါ့ ။ဒီပေါ်မှာလာပြီး အလည်သွားကြ ရောက်တဲ့အကြောင်း အော်ကြ...ဘာလဲ ။ဘာလုပ်နေတာလဲ ။လူမှုရေးလုပ်နေရအောင် ဘာလုပ်ဖို့တက်လာတာလဲ မေးဖို့ပဲရှိတယ် ။ကိုယ်လုပ်စရာရှိတာ ရေးစရာရှိတာရေးပေါ့ ။လိုအပ်ရင် စာဖက်သူက ဖြန့်ဝေမှာပေါ့ ။အခုတော့ ဘယ့်နှယ့်ဗျာ ။လာကြပါဦး ..လည်ကြပါဦး ..ကြည့်ကြပါဦး ဖက်ကြပါ အားပေးပါ ...ဟူးးးးး စိတ်ပျက်စရာကြီး ။မပြီးသေးဘူး။ လူတွေထင်ယောင်ထင်မှားဖြစ်ပြီး သူ့စာမျက်နှာမှာ လူအ၀င်အထွက်ခြေရှုပ်အောင် မဟုတ်တရုပ်တွေ လုပ်ကြံပြီး ပေါက်ကရတွေရေး ....လူတွေကလည်း အဟုတ်မှတ်ပြီး ဖက်ကြမှတ်ကြ သတင်းကအပြင်ပါပြန့် ...။မဟုတ်မှန်းလည်းသိရော Blogger တွေက ပေါက်ကရတွေရေးနေကြတာပါကွာ တဲ့...ဆိုတော့ ဘာရည်ရွယ်ချက်လဲ ..???။ဘာအဓိပ္ပါယ်ရှိလဲ..????။ဒီလို အယုံအကြည်ကင်းမဲ့အောင် လုပ်တာလား ။မြန်မာပြည်တွင်းက အားပေးဖက်ရှူ့ သတင်းရှာဖွေနေကြတဲ့သူတွေ စိတ်ပျက်သွားအောင် သတင်းမှန်တွေ ရှာရခက်အောင် တမင်လုပ်တဲ့သဘောလား ။ဒါတော့ ရေးတဲ့သူသာ သိပါလိမ့်မယ် ။ကျနော်တို့က ရှင်းတယ် ။နိုင်ငံရေးသမားလည်း မခံယူသလို နိုင်ငံရေးနဲ့ လုပ်စားနေတဲ့သူ မဟုတ်တာလည်း အသေအချာပဲ ။နိုင်ငံတကာအလယ်မှာ မြန်မာ ဆိုတာ သိမ်ငယ်နိမ့်ကျနေရလွန်းလို့ ပြည်သူပြည်သားတွေ ဒုက္ခတွေ ချည်း မွန်းပိတ်နေရလွန်းတာ မခံချင်လွန်းလို့ တတ်စွမ်းတဲ့ဘက်က ကြိုးစားဖြေရှင်း တွန်းလှန်နေကြတာ ။မဟုတ်တာတွေရေးတာ သိလွန်ကဲလာရင် လူတွေက Blogger တွေကို အယုံအကြည်ကင်းမဲ့လာတာပဲရှိမယ်လေ ။လူအ၀င်ထွက်များဖို့ အရေးကြီးသလား ။နာမည်ကြီးဖို့ အရေးကြီးသလား ။ရှင်းရှင်းလေးပါ ။ ခင်ဗျားစာရဲ့ တန်ဖိုးကိုပဲ ခင်ဗျားပိုင်ဆိုင်ရမှာပဲလေ ။အဲဒီတော့ဗျာ.... နိုင်ငံကို တကယ်ချစ်မြတ်နိုးလို့ တကယ်ပေးဆပ်ချင်တယ်ဆို Blogger တစ်ယောက်အနေနဲ့ ကိုယ်ရေးတဲ့သတင်းနဲ့ စာတွေကို မှန်မှန်ကန်ကန် သုံးသပ်ဆုံးဖြတ်ပြီးမှ ရေးကြပါလို့ တောင်းဆိုပါရစေ ။

No comments: