Friday, August 8, 2008

ကျောက်သားနေ့စွဲ

နှစ်အသေတွေထဲ
နစ်ပြီးရင်း နစ်ခဲ့


နောက်မျိုးဆက်
ပြက္ခဒိန်သစ်တွေမှာ
ဒီနေ့ ဒီရက်ရဲ့ အသက် ...
ဘယ်လိုဆက်မလဲ ?

ဒါဟာ ...

မကောင်းဆိုးဝါးတအုပ်က
ချုပ်ထားတဲ့ ကျိန်စာ မဟုတ်ဘူး။

သွေးစက်စက်ယိုနေဆဲ

ငါတို့ရဲ့ လက်တွေထဲက

ထွင်းဆစ်လို့မပြီးသေးတဲ့ ...

မျက် ရည် စက် လက်
ကျောက်စာတစ်ချပ်သာ ဖြစ်တယ် ။

ကဲ ........ ငါတို့
ရဲစေ ။ ညီစေ ။


မင်းသစ်ထွန်း

1 comment:

Anonymous said...

အ၇မ်းကောင်းပါတယ်ဗျာ
အ၇မ်းလည်းလေးစားပါတယ်
“သျှင်ခ“