Friday, October 10, 2008

မြို့ပျက်ည သီအိုရီ

လက်ထဲမှာကိုင်ထားတဲ့ သိက္ခာတရားက
ကမောက်ကမ ပြုတ်ကျသွားတယ် ။
ပြန်မလည်တော့တဲ့ နာရီလက်တံက
တလှုပ်လှုပ်ပဲ ။
ခဏတာအချိန်က ကုန်လွယ်လိုက်တာ ...

အခကြေးငွေတန်ဖိုးနဲ့
မျက်ရည်ခံမထိုးကြေးနော် ...
အပျက်အစီး အယိုအယွင်းတွေကြားက ခန္ဓာကိုယ်
လှပစွာခြယ်မှုန်း
တညလုံး အချိန်ဖြုန်းရအုံးမယ် ။

မီးရောင်မှိန်မှိန်လေးတွေကြားက
ပစ်ချခံ စက္ကုရွက်တံလေးတွေနဲ.
ငုံထားတဲ့အချစ်ကို တွန့်ရွဲ့ စွာ နမ်းဖို့
ကဲ ...........
ဒီနေ့ည
အလှပြင်ထားအုံးမှ ... ။

1 comment:

ကဒေါင်းသစ် said...

လေးစားပါတယ်ဗျာ။ နှလုံးသားထဲက စကားလုံးတွေကို မျက်လုံးထဲပေါ်လွင်လာအောင် ရေးသာထားပုံကို ခံစာမှုနှစ်မျိုးနဲ့ ဖတ်ရှုသွားပါတယ်။