ငါ့ညတွေဟာ
သိပ်သည်းစွာ မှောင်မဲလို့။
တိတ်ဆိတ်တဲ့ညကို
အချိန်ယူစားနေတုန်း
အခန်းဖော်က ငြီးငြူ
ဒီလိုနဲ့ အူတူတူနိုင်တဲ့ညတွေ ...
အော်ဟစ်ဆူပူသံ တဖက်ခန်းမှာ
ဒီအချိန် ဒီအသံ ငါတို့အတွက်
မဆန်းတော့ဘူး ။
ရက်ကိုလစား လကိုနှစ်စား
ညခါးခါးတွေကိုထွေးထုတ်
အမေ့တရားတပုဒ်နဲ့
နံရံတွေပေါ် တေးသွားစမ်းနေတယ် ။
နံရံနှစ်ဖက်ကြားထဲမှာ
ငါတို့အမှန်တရားကို သက်သေပြု
ရူးရူးမူးမူး ဖြတ်သန်း
ဒေါင်းအလံလေးပဲ....လွမ်းတယ် ။
အမှန်က
ငါတို့မှာ မနက်ခင်း မရှိဘူး
ကတ္တီပါညချမ်းကို
တချို့ကလည်း အေးအေးလေးဖြတ်သန်း
တချို့ကလည်း မှန်ကန်မှုသစ္စာတရားတွေထုပ်ပိုးလို့
ငါကတော့
ဒီအချိန် ဒီသံစဉ် ဒီတေးသွားဟာ
နာကျင်စွာ တယောက်တည်း
တရေးနိုးတဲ့ ညတို့ မှောင်နေဆဲ ......... ။
သျှင်ခ
1 comment:
သျှင်ခရေ,
အိပ်မက်တွေဟာရေပေါ်အရုပ်ရေးတာပါ
ဦးမိုး
Post a Comment