Friday, May 25, 2007

ပြည်မြန်မာရဲ့ ကွန်နက်ရှင်

IT ဆိုတဲ့ခေတ်ကြီးထဲမှာ မြန်မာပြည်လည်း ခေတ်နဲ့အညီတော့ တိုးတက်လာခဲ့တာ ၀မ်းသာစရာဗျာ... သူများတွေ အွန်လိုင်းလို့ပြောပြောနေတဲ့ စကားလုံးလေးတွေလည်း ယနေ့လူငယ်ပါးစပ်ဖျားမှာ ရေပန်းစားလာတယ်..... Chatting ထဲမှာ ဆုံမယ်လေးတဲ့.... ၁၉ ရာစုက အစ်ကိုကြီး၊ အစ်မကြီးတွေ၊ အန်တီ၊ အန်ကယ် တွေလိုက်မမီတဲ့ စကားလုံးတွေနဲ့ပေါ့ဗျာ... ခေတ်လူငယ်ကြားထဲမှာလည်း Q တယ်ဆိုတဲ့ စကားရပ်ဟာလည်း တစ်စခန်းထလာ ပြန်ရောဗျာ.... ဒါဟာ ကောင်းတဲ့လက်ခဏာတွေ... Positive Sign တွေအဖြစ်တွေ့မြင်နေရပါတယ်.... ဒါ့အပြင် နိုင်ငံခြားမှာ ရောက်ရှိနေတဲ့ ဆွေမျိုး၊ သူငယ်ချင်း အပေါင်းအသင်းတွေ ပြည်ပနိုင်ငံတွေမှာ ပညာသင်ကြားနေတဲ့ လူငယ်တွေကို ကုန်ကျစရိတ် သက်သာစွာနဲ့ ပဲ စကားပြောဆိုနိုင်တာတွေဟာ IT ရဲ့အဖိုးတန်လှတဲ့ နည်းပညာရပ် တွေပဲဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူးဗျာ.... မြန်မာလူငယ်တွေလည်း မခေဘူးနော်....
ဒါပေမဲ့ဗျာ.....
Connection မကောင်းတာလေးတစ်ခုပဲ ပြောစရာရှိတယ်ဗျာ.... သူများတွေပြောနေတဲ့ Censorship နိုင်ငံဖြစ်နေလေတာ့ တိုးတက်နေတဲ့ သတင်းမီဒီယာခေတ်ကြီးမှာ မြင်သာမြင် မကြင်ရတဲ့ဘ၀ ဖြစ်နေတယ်ဗျာ.... Download ကလေးလုပ်ချင်တာလေးတောင်မှ ညမိုးချုပ် သန်းခေါင်အထိ စောင့်နေရတဲ့ဘ၀...Connection ကလည်းကျလိုက်တာမှ Chatting ပစ်ရင် တရားထိုင်နေတယ်မှတ်တယ်... Sign In... Sign Out... Reconnecting ဖြစ်တာကြီးကတော့ ဆိုးတယ်ဗျာ.... သူငယ်ချင်းများနဲ့ ဆုံလို့မေး လိုက်မိပါတယ် ဘာဖြစ်လို့ chatting ပေါ်တက်မလာတာလည်း ဆိုတော့ Connection မှမကောင်းတာကွာ တဲ့... ပြီးတော့မထင်မှတ်ဘဲ ကြားမိတာလေးကတော့ လက်ရှိအသုံးပြုနေတဲ့ Bandwidth ကိုလျှော့သွားမယ် လို့ကြားရတာ စိတ်မချမ်းသာစရာပဲဗျာ.... ဘာမှမရှိတဲ့ Bandwidth ကိုလျှော့မယ်ဆိုတော့ ... အပ်ချည်မျှင်မျှ.... ဆံချည်မျှည်မျှသာ ရှိတော့မယ့် ကျွန်တော်တို့ရဲ့ Connection ကြီးကို ဘယ်လိုကြိုဆို ရမှာလဲဗျာ.......
သူများတွေလို Connection ကောင်းကောင်းနဲ့ Bandwidth ကျယ်ကျယ် သုံးလို့ရမယ့် အချိန်ကလေးကိုတော့ အိပ်မက် မက်ချင်တယ်ဗျာ.....

No comments: