Friday, May 25, 2007

ဓာတ်ချုပ်လေ့ရှိသော မြန်မာနက်

ကိုချယ်ရီရေးထားတာတွေလို့ တစ်တို့လောက်ဝင်ရေးဦးမှ... မြန်မာ့internet connection ကတော့ဗျာ...လန်ထွက်နေတာပဲ... chat ရတာ ဆန့်တငန့်ငန့် သိပ်ဖြစ်တယ်... Q လို့ကောင်းနေတုန်း ပြုတ်ကျသွားရင် feel ကအောက်သွားရော... ဟိုတစ်ရက်ကလည်း ရန်ကုန်က ချိန်းထားတဲ့ တစ်ယောက်နဲ့ ချက်နေတုန်း အဲဒီလိုပဲ DC ခဏခဏဖြစ်ဖြစ်နေတာနဲ့ စိတ်ကတိုနေတာ... ဒါကို ဘေးခန်းက အစ်ကိုကြီးကတွေ့ပြီး မေးတယ်လေ... ဘာဖြစ်နေတာလဲ? ချက်လိုက် ရပ်လိုက်နဲ့တဲ့... DC ဖြစ်နေလို့တဲ့ဗျာ..လို့ဆိုတော့ သူက ဒါတွေနဲ့ အကျွမ်းမ၀င်တဲ့သူဆိုတော့ ပြန်မေးတယ်... DC ဆိုတာဘာလဲကွတဲ့... ကျနော်လည်း စိတ်ပေါက်ပေါက်နဲ့ DC ဖြစ်နေတယ်ဆိုတာ ဓာတ်ချုပ်(Dat Chote)နေတယ်လို့ပြောတာဗျို့လို့ ပြောလိုက်ရော... ဟုတ်တယ်!!.. ညစ်နေပါတယ်ဆိုမှ... တကယ်လည်း DC ဖြစ်ဖြစ်သွားရင် ဓာတ်ချုပ်သလိုပဲ မအီမလည်ကြီးဗျာ... connection မကောင်းတဲ့အပြင် မီးကလည်း ပျက်သေးဗျာ... မီးစက်သုံးတဲ့ ဆီဈေးကလည်းတက်သေးဗျာ... ပြည်တွင်းက online user တွေရဲ့ ခန္တီပါရမီကတော့ လေးစားဖို့ကောင်းတယ်...
ဘာပဲပြောပြော မကောင်းတတ်လို့ သုံးခွင့် ပေးထားတာကိုပဲ သူရို့ကို ကျေးဇူးတင်ရဦးမယ်... မြောက်ကိုရီးယားလိုသာဆို ကျနော်တို့ မြန်မာတွေ ဒီလိုတောင် ရေးနေနိုင်မှာ မဟုတ်ဘူး... ဆိုတော့ ... အံကြိတ်ပြီးသာ သာဓုခေါ်နေရမှာပဲ...အားလုံးကောင်းလာဖို့ကတော့ someday someway ပေါ့ဗျာ... နော့...

No comments: