Tuesday, May 29, 2007

မအားချင်ယောင်ဆောင်သည်။

ခုတလော မအားဘူးဗျာ... offline ဆိုလည်းမအား၊ online တက်ရင်လည်း မအား၊ လူလည်း မအား၊ စိတ်လည်း မအား၊ အိပ်ရင်လည်း မအား၊ စားရင်လည်း မအား နောက်ဆုံး အိမ်သာသွားရင်တောင် မအားဘူးဗျာ... ဘာတွေလုပ်နေလဲ မေးရင်လည်း တိတိပပ ဖြေစရာရယ်လို့ မရှိဘူး... ဒီလိုပဲ တောင်လုပ်မြောက်လုပ်နဲ့ကို မအားဘူးဖြစ်နေတာ... လူရှိန်အောင်လို့ မအားချင်ယောင်ဆောင်နေတာလည်း ဖြစ်ချင်ဖြစ်မယ်ဗျာ... ကျနော် ကြိတ်ကြံနေတဲ့ အလုပ်ကြီးအကိုင်ကြီးတော့ရှိတယ်ဗျ... လက်နက်ပွဲစားလုပ်ဖို့ပါ... မကြောက်နဲ့ ဆက်ဖတ်... အစီအစဉ်က ဒီလိုဗျ... မြန်မာအစိုးရက လက်နက်သာရမယ်ဆို ဘာပဲပေးရပေးရဖြစ်နေတာလေ...ခုလည်း ကမ္ဘာ့ချဉ်ဖတ်(ကိုရီးယားလိုဆို kimchi ပေါ့)မြောက်ကိုရီးယားကို နူကလီးယားရရေး...ဘာတွေပေးနေပြီလဲမသိဘူး... သမီးပေးသားယူအထိ တောင် ရွှေလမ်းငွေလမ်းခင်းနေလောက်ပြီ... ဆိုတော့ ဒီအစိုးရကို သိကြားမင်းနဲ့ ဆက်သွယ်ပြီး မိုးကြိုးလက်နက်တို့ ၀ရဇိန်လက်နက်တို့ ရောင်းမလားလို့ ကြံနေတာ... ပွဲစားလုပ်မယ်လေဗျာ... ရှယ်ယာပါချင်ရင် ဆက်သွယ်လိုက်... အချိန်မှီသေးတယ်...အကျိုးအမြတ်ကတော့ဗျာ...တွေးသာကြည့်... အပြင်တော့ မပေါက်ကြားစေနဲ့နော်...
ဒီကာတွန်းရဲ့ အောက်ဆုံး နှစ်ပုံက ကျနော့်ကို ကိုယ်စားပြုတယ်...နေ့ဘက်ဆို MODERN AGE ကပုံအတိုင်း စက်ရုံက အလုပ်တွေလုပ်တယ်...အလုပ်သမားကိုးဗျ... ညဆိုရင် COMPUTER AGE ကပုံအတိုင်း PC ရှေ့ထိုင်ပြီး ... သိတဲ့အတိုင်း ...
ဆိုးပေ...လုပ်ဟ!!!

No comments: