Tuesday, May 29, 2007

ဇာဂနာ ပြောတဲ့  ညီလာခံ ( တွေးပြီးမှ ရယ် . . . )

" တစ်တို့  လောက်တော့  တို့ ပါဦး " ဆိုတဲ့  ကိုမိုးစွေ ရဲ့  ဖိတ်ကြားချက်ကြောင့်  (synrg3) ကို ရောက်ခဲ့ ပါပြီ ။ အပေါင်း အသင်းဆိုတော့  ငြင်းရပြန်လဲ မကောင်း ၊ ဒါနဲ့ ပဲ ရေးဖြစ်တယ် ဆိုပါတော့  ။ တကယ်ဆို ကျွန်တော်က အလုပ်တဖက်နဲ့  စာဖတ်ကလည်း နည်း ၊ ဘာရေးမလဲ ကဲ ခက်ရောဗျာ ။ လေ့ လာဦးမှ ဆိုပြီး အကုန်လုံး သိမ်းကြုံး ဖတ်ပြစ်လိုက်တယ် ။ အတော့် ကို ကြာကြာ ဖတ်လိုက်ရတယ် ။ စာဖတ်လည်း နှေး ၊ စာရေးဖို့  အလေ့ ထမရှိ တွေ့ ကြပြီပေါ့ ။အင်း . . . အိမ်မက်အိမ် တဲ့  နာမည်လေးက သိမ်သိမ်မွေ့ မွေ့  လေးပါ ။ ရတနာ သုံးပါး ဦးထိပ်ထား ပြီး ၊ အပြင် အဆင် လေးတွေ တွေ့ ရတော့ အေးချမ်းပါရဲ့  ဗျာ ။ " ကျနော် တို့ ရဲ့  အမေ " ကောင်းရော ၊ အဲဒီမှာ ပွဲကျသွားပြီ ။ စာဖတ်ပျင်း တဲ့ ကျွန်တော် နေ့ တိုင်းဖတ် တော့  မယ်ဗျာ ။ ကျွန်တော်ကလည်း ဒေါ်အောင်ဆန်းစုကြည် အပေါ် တော်တော်လေး လေးလေးစားစား ရှိတာကိုဗျ ။ သူတို့  ကတော့  ပိုမယ်ထင်တယ် ။ အဲဒီမှာ ပြောစရာရှိ လာပါရော့ လား ။ " သံဃံ ပူစေမိ " ဆိုတဲ့ နေရာ မှာ ဘာကြောင့်  ဒေါ်စုပုံ တွဲရက် ပါနေရတာလဲ ။ ကျွန်တော်လည်း ဒေါ်စုကို လေးစားပါရဲ့  သို့  မိတ်ဆွေတို့  ပြင်ဆင် ထားပုံက ပြောစရာ ဖြစ်လာနိုင်တယ် ဗျာ ။ ပြောစရာက ဒါလောက်ပါပဲ တွေ့ ပါတယ် ။ သူများတွေလို ရေးစရာ သိပ်မရှာတတ်လို့  မှတ်သားစရာ ပြဇာတ်လေးပဲ ထည့် ပေးလိုက်တယ် ။ ကြည့်ကြပေတော့  ဗျာ ။







No comments: