Wednesday, May 30, 2007

မင်းက ငါ့ ရဲ့ ဘဝ


စိတ်ကူးသက်သက် နဲ့  အိမ်မက်ဖြစ်ခဲ့ လေဦး
နေ့ ရက်လက်ချိုး ပြန်မနိုးပါရစေနဲ့ 
နိုးစက်တွေ နာရီရပ် ဘ၀ကအေးခဲ
အရာရာ ပြောင်းလဲသွားလည်း
ငါ ... မလွမ်းရက်ပါဘူး၊
ငါ ... မမေ့ ရက်ပါဘူး၊
ငါ ... မမုန်းရက်ပါဘူး၊
မင်းက ငါ့ ရဲ့ ဘ၀ပါ။
စိတ်ကူးသက်သက် နဲ့  အိမ်မက်ဖြစ်ခဲ့ လေဦး
ဘ၀ရဲ့  စာမျက်နှာတွေ မပျောက်ရှစေရပါဘူး
အတိတ်ဆိုတာ ငါ့ ရဲ့ သမိုင်းမို့ 
အရာရာ ပြောင်းလဲသွားလည်း
ငါ ... မလွမ်းရက်ပါဘူး၊
ငါ ... မမေ့ ရက်ပါဘူး၊
ငါ ... မမုန်းရက်ပါဘူး၊
မင်းက ငါ့ ရဲ့ ဘ၀ပါ။
စိတ်ကူးသက်သက် နဲ့  အိမ်မက်ဖြစ်ခဲ့ လေဦး
ကြားခဲ့ ဖူးတဲ့ စကားသံလေးတွေ
ရွတ်ဆိုခဲ့ တဲ့  ကတိစကားတွေ
ဘ၀ရဲ့  ဇာတ်ညွန်းတွေက
အရာရာ ပြောင်းလဲသွားလည်း
ငါ ... မလွမ်းရက်ပါဘူး၊
ငါ ... မမေ့ ရက်ပါဘူး၊
ငါ ... မမုန်းရက်ပါဘူး၊
မင်းက ငါ့ ရဲ့ ဘ၀ပါ။
စိတ်ကူးသက်သက် နဲ့  အိမ်မက်ဖြစ်ခဲ့ လေဦး
ဆောင်းခဲ့ ဖူးတဲ့ နေရောင် ၊ လျှောင်းခဲ့ ဖူတဲ့ မြေပြောင်
အတူလျှောက်ခဲ့ ဖူးတဲ့ 
ရွှေရောင် နေ့ ရက်တွေက
အရာရာ ပြောင်းလဲသွားလည်း
ငါ ... မလွမ်းရက်ပါဘူး၊
ငါ ... မမေ့ ရက်ပါဘူး၊
ငါ ... မမုန်းရက်ပါဘူး၊
မင်းက ငါ့ ရဲ့ ဘ၀ပါ။
စိတ်ကူးသက်သက် နဲ့  အိမ်မက်ဖြစ်ခဲ့ လေဦး
ပေးခဲ့ ဖူးတဲ့  နှစ်သိမ့် စကားတွေ
နွေးထွေး ဖူးတဲ့  တိမ်းမူးခြင်းတွေ
လေပြေ တသုပ် သွေထုပ်ရုံလေးမှ
အရာရာ ပြောင်းလဲသွားလည်း
ငါ ... မလွမ်းရက်ပါဘူး၊
ငါ ... မမေ့ ရက်ပါဘူး၊
ငါ ... မမုန်းရက်ပါဘူး၊
မင်းက ငါ့ ရဲ့ ဘ၀ပါ။
စိတ်ကူးသက်သက် နဲ့  အိမ်မက်ဖြစ်ခဲ့ လေဦး
နောက်ဆုံးထိငါ . . .
စိတ်ကူးကို ရင်မှာပိုက် ဆုလာဒ်အမှတ်နဲ့ 
အိမ်မက်ကို ပြန်လည်တူး ဘာထူးမှာလဲပြော
ငါ ရူးသွားဦးတော့ 
မင်း မှ မင်း ၊ မင်း က . . .
ငါ့ ရဲ့  ဘ၀ပါ ချစ်သူ ။ ။

1 comment:

Anonymous said...

very nice !!!