Thursday, May 31, 2007

ပြောပါရစေ မိတ်ဆွေ . . .


ဟိုနေ့ က ရေးတဲ့  ကလေးတစ်ယောက် ရဲ့  စာမျက်နှာများ အပိုင်း (၁) နဲ့  ပါတ်သတ်ပြီး အိမ်မက်အိမ်က ကျုပ်ကို ( အမြန်ဆုံး ) ဆက်ပြီးရေးဖို့  တိုက်တွန်းလာတယ် ။ အမှားတွေ ပါပဲဗျာ ။ ရေးချင်လွန်းလို့  လာပါတယ်ဆိုမှ အမြင်ကတ်အောင် လုပ်လာတယ် ။ ဘယ်သူ ရှိမှာ ဟို ... လူဆိုးကြီးပေ ( အဲလေ ) ဟို လူကြီး ဆိုးပေ ပေါ့ ။ ခံစားချက်နဲ့  ဘ၀ ကို ရေးတယ် ၊ ( ၂ )- ပါတ် (၁) ပုဒ်လောက် ရေးပါမယ် ဆိုတာတောင် ကျေနပ်ဘူးတဲ့ ဗျာ။ တကယ်ပါ ကျုပ် (၂) ပါတ် (၁) ပုဒ်နှုန်း လောက်ဖြစ်အောင် ကြိုးစားနေတာ။ တကယ်ပါ ဗျာ . . . အိမ်မက်အိမ် မှာ အယ်ဒီတာ လုပ်နေတာ (၃) ယောက် ရှိတဲ့ အထဲ ဒင်းက အကဲဆုံးဗျ ။
အင်းပေါ့ လေ . . . သြလေးကလည်း ဂျောမသေးကြောင်း ပြရသေးမပေါ့  ။ မိတ်ဆွေ စကားမစပ် ... ကျုပ်ရဲ့  ဇာတ်လမ်းကို တကယ့်  အဖြစ်လား ? သိချင်လို့ ဆို ... ဒါလား လွယ်လွယ်လေးပါ ။ ကျုပ်က အယ်ဒီတာအဖွဲ့ ကို ပြောပြထား ပြီးသားဗျ ။သိချင်ရင် ဆက်သွယ်လိုက် ဆိုးပေ အဲဒီမှာ ရှိတယ် ။ ရော့  ... လိပ်စာက ဒီမှာ(synrg3@gmail.com) မေးချင်ရာမေး သူကတာဝန်ယူ ပြီးဖြေလိမ့် မယ် ။
မှတ်ကရော့ ဟယ် . . .

No comments: