Thursday, May 31, 2007

မစိုးရိမ်ပါနဲ့  မောင်ဆိုးပေ



သြော် . . . ပွဲစားလုပ်မယ်လည်း ဆိုရဲ့  ပွဲဖြစ်ရင်တော့ လည်း နှစ်ဖက်လုံးစားချင်ပြန်ရော ။ (ပွဲခ) မလွန်ဘူးလား ? ငါ့ လူရယ် . . . တွေးတွေးဆဆ လုပ်ပါဟ ။ သိကြားမင်းက မင်းရဲ့  အရောင်းဝယ် ကိစ္စကို လက်ခံပါပြီ ။ ကဲ ပွဲခဟေ့  လည်းဆိုရော . . . ။ မင်းက ငါ့ ကိုတောင် တ၀က်ကြီး ပေးရမယ်ဆိုပြီး စိုးရိမ်နေပြီပေါ့ ။ (အချင်းချင်း တွေလေကွာ .. )


မစိုးရိမ်ပါနဲ့  မောင်ဆိုးပေ . . .


မင်းပြောသလို ရမှာ (၁၀) နှစ် တစ်ယောက် (၅) နှစ်ပေါ့ ကွာ ။ တစ်ဝက်လျှော့  သွားတယ်လို့  စိတ်မကောင်း မဖြစ်ပါနဲ့ ကွာ ။ မင်းနဲ့  ငါ ရပိုင်ခွင့်  အပြည့်  ရမှာပါ ။ (၅) နှစ် ပြည့်ရင် နောက်ထပ် (၅) နှစ် သက်တမ်း တိုးပေးဖို့  တစ်ခါတည်း နှုတ်ကတိပေး လိုက်တယ်ကွ ။ မယုံဘူး လား ? မယုံ မရှိနဲ့  ငါ့ လူ ၊ မြန်မာ သံရုံးမှာလို သွား နေကုန်အောင် တန်းစီ ၊ ခိုင်းတာလုပ် ၊ တောင်းတာပေး ၊ ဟောက်တိုင်းခံ ၊ သဓ္ဒါ သရွေ့  သတ်မှတ်နှုန်း လှူ ပြီးပြီလား ၊ မပြီးသေးဘူး ကံစမ်းမဲများ ပေါက်ရင် နောက်ရက်တောင် ထပ်ချိန်းသေးတာ . . . ပြောရင်းနဲ့  အမှန်တွေ တောင်ပါ ကုန်ပြီ ။ နိုင်ငံ ခြားမှာ ကိုယ့် လူမျိုး နှိမ်တာကိုယ် ပြန်ခံနေရတာပါကွာ ။
ဆက်ပြောရင် စကားလမ်း လွဲသွားဦးမယ် ။ ပိုသိချင်ရင် လင်းလက် ရဲ့  အတွေ့ အကြုံလေးကို သွားကြည့် ဗျာ။


ခုနက စကားပြန်ဆက်ရအောင် . . .
ဒီကောင်ကြီး ဆိုးပေက ပွဲခတ၀က် (ထောင်သက် ၅-နှစ် ) ခွဲပေးရမှာ ကြောက်လို့ ရဲ့ ဗျာ ။ မစိုးရိမ် ပါနဲ့  မောင်ဆိုးပေ . . . ထောင်သက် (၁) နှစ်တိုးဖို့  အကြောင်းပြချက် မပြော နဲ့  သက်တမ်း (၁) နှစ်တိုးကြောင်း အမိန့် စာလေး မင်း မြင်ရရင်တောင် ကံကောင်းလို့  ဖြစ်မယ် ။


မင်း ဟိုနေ့ က အဖြစ်ပဲကြည့်  ဒို့ ရဲ့  မေမေ ကို နေအိမ်မှာ အကျယ်ချုပ် ဆက်လက် ထိန်းသိမ်းထားဖို့ (ယဉ်ယဉ် လေးပြောတာပါ ၊ လူတစ်ယောက်ရဲ့  လွတ်လပ်ပိုင်ခွင့် တွေကို အကြောင်းပြချက် ခိုင်ခိုင် လုံလုံ မရှိပဲ ထိန်းချုပ်တာ ၊ ဒါ လူတစ်ယောက်ရဲ့ အပေါ်မှာ အကြီးမားဆုံး လူ့ သားချင်း စာနာထောက်ထား မှု မရှိတာကို ပြတာ ပါ . . . ) နောက်ထပ် သက်တမ်းတိုးတာ အကြောင်းပြချက် မယ်မယ်ရရ ရှိရဲ့  လားကွယ့် ။


မစိုးရိမ်ပါနဲ့  မောင်ဆိုးပေ . . .


မင်း ဝေစုကို အပြည့်ဝတင် မဟုတ်ဘူး ၊ အပိုဆုပါပေးဦးမယ်ဆိုရဲ့ ။ သြော် ငါ့ ကိုလည်း ထပ်တူ ဆုလာဒ် ခံစားစေတဲ့ ။ ပြန်ဆုံ ရ မပေါ့ ကွာ ။ ။

No comments: