Thursday, May 31, 2007

ဂလောက်တော့ အေးဆေး... ပြန်ပေးဆွဲမယ်

ဟီး..ဟီး.. ဟား..ဟား.. ဟိုး..ဟိုး.. ဟဲ.. ဟဲ.. "ဟ" အက္ခရာကုန်အောင် ရီလိုက်ဦးမယ်ဗျာ... ကိုမိုးစွေကလည်း သိရဲ့သားနဲ့ ... ဒီအစိုးရလောက်တော့ အေးဆေး...ဘေးက ကာတွန်းလိုပေါ့... ရှင်းစရာနည်းတွေ ပေါလို့ ...
ခုတော့ လက်နက်ပွဲစား မလုပ်ဖြစ်တော့ပါဘူး ... သူကြားမင်းကြီးက ပြောတယ်လေ ... မလုပ်ပါနဲ့ ဆိုးပေရာ ... တော်ကြာနေ သူတို့နဲ့ ပေါင်းပြီး သူကြားမင်းပါ ငရဲရောက်တယ်လို့ ကျော်မကောင်း ကြားမကောင်းဖြစ်နေပါဦးမယ်ဆိုပြီး
ပွဲဖျက်လိုက်လို့ ... ဒါနဲ့ သူငယ်ချင်းတစ်ယောက်က အကြံပေးတယ် ...(ကိုနွေလှိုင် ဟုတ်ဖူးနော် ... တစ်ခြားတစ်ယောက်က)... ဗိုလ်ချုပ်မှူးကြီးကို ပြန်ပေးဆွဲကွာ တဲ့ ... ဒီကောင်ဗျာ ... ကြံကြီးစည်ရာ ... သူမို့ ဒီလို တွေးတတ်တယ် ...ပြန်ပြောပစ်လိုက်တယ်ဗျာ ... " မင်းတော်တော်ပိန်းသေးတာပဲ ... ဒီလူကြီး ပြန်ပေးဆွဲမှတော့ သူ့အတွက် ထမင်းစားရိတ်ကုန်တာပဲ အဖတ်တင်မှာပေါ့ ကွ ... ဘယ်သူက ပြန်ရွေးမှာလဲ ... မှိုတက်ပြီး နွမ်းဖတ်နေတဲ့ ၂၀ တန် အပြဲ ကမှ လိုချင်တဲ့သူရှိသေး ... သူ့ကိုဘယ်သူမှ မရွေးဘူး " ဆိုတော့ ကိုယ်တော်က မျက်လုံးအပြူးသားနဲ့ ပြန်ပြောတယ် ... " သူက နိုင်ငံတော် အကြီးအကဲလေကွာ ... ရွေးကြမှာပေါ့ ... " အဲဒီတော့ ကျနော်ကပြန်မေးတယ် ... " ဟုတ်ပါပြီ ...ထားပါတော့ ... ကဲ ... မင်းပြောတဲ့ ဒီကြီးလေ ကဲလေ အကြီးအကဲကြီးကို ... မင်းဆိုရော ... ရွေးမလား ... အောက်ဈေးနဲ့ပဲပေးကွာ ... အို... ကြာပါတယ် ... မရွေးနဲ့ ... အလကားပေးလိုက်မယ် ... မင်းယူမလား? " သူ့ခဗျာ စဉ်းတောင်မစဉ်းစားဘူး .... " အာ ... ယူစရာလားကွာ ... ဒီလို အိုကြီးအိုမ ဘာမှ သုံးစားလို့ မရတဲ့ ဟာကြီးကို " ကျနော် ဆိုးပေ ပွဲစားကလည်း ဆက်ပြီးပွားတယ် ... " ဒါရ၀မ်တို့ မာလီတို့လိုမျိုး တောက်တိုမယ်ရလောက်တော့ ခိုင်းလို့ ရမှာပေါ့ကွ " သူကလည်း မျက်မှောင်ကိုကုတ် နှာခေါင်းကိုရှုံ့ ပြီး ခပ်မာမာပဲ ပြန်ပြောတယ် ... " ဟာကွာ ... ဒီလို အလုပ်မျိုးခိုင်းဖို့ ဆိုရင်တောင် ယုံကြည် စိတ်ချရတဲ့ သူမျိုးကိုခိုင်းမှာပေါ့ ... သူက လက်စလက်နရှိတယ်ကွ ... ခိုးတတ်ဝှက်တတ် လိမ်တတ်ညာတတ်တဲ့ သူကို ကိုယ့်အိမ်ရဲ့ လုံခြုံရေးပေးရင် ကိုယ့်သေတွင်း ကိုယ်တူးသလိုပဲ ဖြစ်မှာပေါ့ " နောက်ဆုံးတော့ ကျနော့် သူငယ်ချင်းခင်ဗျာ ... သူပေးတဲ့ အကြံ သူ့ဘာသာသူ လက်လှန်လို့ အမြင်မှန်ရသွားပြီး မြန်မာ့ ခေတ်သစ် နေပြည်တော် မင်းတရားကြီးကို ပြန်ပေးဆွဲဖို့ စိတ်ကူးကို ပယ်ဖျက်လိုက်ပါတော့တယ် ... ဒီလိုနဲ့ နှစ်ယောက်သား စကားလက်စသတ်ပြီး ထ ထွက်မယ် အလုပ်... ရုတ်ကနဲဆို လူ ၅ ယောက် ၀ိုင်းလာပြီး ဂျောက်ကနဲဆို လက်ထိပ်ခတ် လိုက်တဲ့ အချိန်မှာပဲ ... ကျနော်မျိုး ပွဲစား မောင်ဆိုးပေ အိပ်မက်က နိုးလေသတည်း ............ ဟူး... တော်ပါသေးရဲ့ ...

No comments: