Sunday, May 27, 2007

ဧည့်စာရင်း တိုင်ပြီနော်

ဧည့်သည် အမည် ။ ။ ကိုမြစ်ကောက်
အဖ (အဘ) အမည် ။ ။ ဦးစမ်းမောင်
အမိ (အမ) အမည် ။ ။ ဒေါ်မြူနှင်းဖြူ
အလုပ် အကိုင် ။ ။ ကြုံရာ ကျပန်း
အမျိုးသား မှတ်ပုံတင် အမှတ် ။ ။ ၅၂၈ / လူပျိုကြီး (စစ်စစ်) ၀၀၁၅၀၀
နေထိုင်မည့် ကာလ ။ ။ မသေခင် အချိန်အထိ
(အိမ်ရှင်များ မှ ထောက်ခံပြီး ဖြစ်ပါသည်။)
ဆိုးတော့ မဆိုးဘူးဗျ။ အိမ်မရှိ၊ ယာမရှိ တစ်ကောင်ကြွက် ကျွန်တော့် ကို တစ်သက်လုံး နေထိုင် လက်ဆော့ ခွင့်  ပေးထားခဲ့ တဲ့  အိမ်မက်အိမ် ရေ။ ကျေးဇူး၊ ကျေးဇူး ။ အိမ်လခ မပေးရ သရွေ့  ကျေးဇူးနော်။
ဘာပြောတယ် ခင်ဗျာ ။ ကျွန်တော်ရေး မှာတွေလား ။ ပြောပြမယ် စိတ်ချ ။ (ပြောပြ ချင်လွန်လွန်း သောကြောင့်  မေးဟန်ဆောင်တာ ခွင့် လွှတ်ကြပါ ခင်ဗျာ။) ကျွန်တော် က ခံစားမှု ၀ါဒီ သမား သက်သက်လေ ၊ ခံစားမှု သံစဉ်တွေ နဲ့  ရင်ခုန်စေချင် လို့ ပါ။
ကဲ ... ရင်ခုန်ချင် သူများ ခင်ဗျာ ။
လူပျိုကြီးရဲ့  ရင်တွင်းမဖြစ် တဖြစ်တွေကို တ၀ကြီး ခံစားဖို့ သာ ပြင်ပေတော့ ။
သတိ . . .
ရင်ခုန်ခြင်း သတိဖြစ်ခဲ ၊ ကျုပ် လူပြိုကြီး ( အဲလေ ) လူပျိုကြီး ဆိုတာ မမေ့  ရဘူးနော် ။ ရင်ခုန်ကြစေသောဝ် . . . ။

No comments: