Monday, May 28, 2007

အိမ်မက်မက်သူများသို့  အိတ်ဖွင့် ပေးစာ

အိမ်မက်အိမ်ကို စတင်ဖွဲ့ စည်းခဲ့ တဲ့  အချိန်တို အတွင်းမှာ မထင်မှတ်ထားပဲ ၀ိုင်းဝန်းကူညီ ရေးသားကြလေသော မိတ်ဆွေတို့ ကြောင့့် စမ်းသပ်ဆဲ ကာလအတွင်းမှာပဲ အတော်လေး တိုးတက်မှု လက္ခဏာ ပြခဲ့ ပါတယ်။ ရှုထောင့်  အတော်လေး စုံလင်အောင်လည်း မိတ်ဆွေတို့  ၀ိုင်းဝန်းရေး သားခဲ့ ကြလို့ ကျေးဇူးလည်း အထူးတင်ပါတယ်။ တစ်ချို့ကလည်း မကြာမှီ လာမည် ဟု သတင်းပေးထား ကြပါတယ်။ ဒီရက်ပိုင်း အတွင်းမှာက နိုင်ငံအများစု ရဲ့  စာမေးပွဲများနဲ့  တိုက်ဆိုင်နေတဲ့  အတွက်လည်း သူငယ်ချင်း တစ်ချို့ ဆန္ဒ ရှိရက်နှင့်  မပါဝင်နိုင်ကြပါ။ စိတ်ချပါ မိတ်ဆွေတို့  အိမ်မက်အိမ် ရဲ့  ဖိတ်ကြားမှု ရထားတဲ့  အတွက် ဘယ်အချိန်ရေးရေး ရေးလို့  ရပါတယ်။
အိမ်မက်အိမ် ကို စတင်ဖွဲ့ စည်းခဲ့ တာ ရှေးဦးဖွဲ့ စည်းသူ (၃) ဦးနဲ့  စတင်ခဲ့ တာပါ။ ဒါကို ကိုဆိုးပေကြီး ရေးခဲ့ ပါသေးတယ်။ ဒီ (၃) ယောက်ကပဲ အိမ်မက်အိမ် ရဲ့  ရေးသားမှု အချို့ ကို လိုအပ်သလို အလှည့်ကြ ပြင်ဆင်ဆောင်ရွက် ကြမှာပါ။ မိတ်ဆွေ တို့ ကို တစ်ခုတော့  တောင်းပန်ချင် ပါတယ်။ အိမ်မက်အိမ် ရဲ့  Post List ထဲက Publish မလုပ်ပဲ ထားတဲ့  Draft အချို့ ကို အချိန်(၁) ပါတ်အတွင်း Publish မလုပ်ခဲ့ ရင် အိမ်မက်အိမ် အနေနဲ့  Publish ဖြစ်စေ Delete ဖြစ်စေ လိုသလို ဆောင်ရွက်သွားရပါမယ်။ ဒါကလည်း အိမ်မက်အိမ် ရဲ့  Post List မှာ မထင်မှတ်ပဲ Draft ဖောင်းပွမှု ဖြစ်ပေါ် မသွားရလေအောင် ကြိုတင်စီစဉ် ရခြင်းပါ။
အိမ်မက်အိမ် ရဲ့  စာရေးသူများ အနေနဲ့  တပါးသူတို့ ရဲ့  Personal အပေါ် သင့် တော်သော နာမ်စား သုံးစွဲမှုများသာ အသုံးပြုစေချင်ပါတယ်။ ဥပမာအနေနဲ့  ရေးကြစို့  ကျုပ်က " ဆိုးပေ ကို သကောင့် သား မောင်ဆိုးပေ" လို့ ရေးချင်ရေးမယ်။ " နွေလှိုင်ဿုန်း ကို ခိုချေး(ချီး) " လို့  ရေးချင်ရေးမယ်။ သူတို့ ကလည်း " ကျုပ်ကို မြွေဆိုး မိုးစွေ " လို့  ခေါ်ချင်ခေါ်မယ်။ ဒါမိတ်ဆွေ တွေလေ . . . ( ပြုတ်မကျအောင် ကူညီတာ ) ပြဿနာ မရှိပါဘူး။ တခြားလူတွေ အပေါ်မှာ တော့  Personal လေးစားမှု ထားရလိမ့် မယ်။
ဘာကြောင့်  ကျုပ်က ဒါကိုပြောတာလဲ ?
ပြောရရင်တော့  အများကြီးပါ။ အဓိက ပြောချင်တာက အိမ်မက်အိမ် ရဲ့  ရှေးဦး တည်ထောင်သူ (၃) ဦးက ဒေါ်အောင်ဆန်းစုကြည် ကို မိခင်တစ်ယောက်လို မှတ်ယူကြ တာပါ။ ဒီနေရာမှာ ယနေ့  မြန်မာပြည်တွင်းက သတင်းစာတွေမှာ ကလောင်လက်စွမ်းပြနေကြလေသော သက်ဆိုင်ရာ ပြန်ကြားရေး ဌာနများရဲ့  အယ်ဒီတာကြီးများ ၊ သူတို့ ရဲ့  Personal တိုက်ခိုက်မှု တွေလို ( မိုးပေါ်က စုကြည် ဆိုတာမျိုး ) ကျုပ်တို့  မိတ်ဆွေတွေကို ပြန်လည် ချေပလို့  ရိုင်းစိုင်းစွာ မရေးသားစေချင်ဘူး။
ကုန်ကုန်ပြောမယ် ဗျာ ၊၊
ဒီလူတွေ ကို လမ်းမှာတွေ့ ရင် သတ်ပြစ်ချင်လောက်အောင် မုန်တီးနေ ဦးတော့  ကျုပ်သူတို့  အမည်တွေရဲ့  အရှေ့ မှာ " ဦး" တပ်ပြီးခေါ်မှာပါ။
မိတ်ဆွေ တို့ လည်း Personal လေးစားမှု ထားပေးဖို့  အိမ်မက်အိမ် ရဲ့  ကိုယ်စား တောင်းဆိုပါရစေ။
ကျုပ်တို့ တွေက လူငယ်လေးတွေပါ ၊ ဒါပေမယ့်  တရား မငယ်စေရဘူး။
" ဘယ်သူ တရားပျက်ပျက် ၊ ကိုယ် မပျက်စေ နဲ့ ။ "
အိမ်မက်အိမ် က သဘောထား မသေးသိမ် စေရပါဘူး။ ရေးချင်ရာရေး ၊ မဆဲကြေးပေါ့ ။
အိမ်မက်အိမ်
(ကိုယ်စား)
မိုးစွေ

1 comment:

Anonymous said...

မှန်ပါသည်။
ဖဲ့ချင်လည်း ယဉ်ယဉ်ကျေးကျေးဖဲ့ကြတာပေါ့