Saturday, June 30, 2007

စိုးထိတ်မှု

ချစ်သူ . . .
တစ်နေ့ မတွေ့ ရတဲ့ နေ့ ၊ရင်မှာဖြစ်တည်
အလွမ်းသည် ဝေဒနာမည်မလား...?
အဆွေးသည် အကြင်နာတည်လို့ လား...?
ရင်မှာပူးကပ် ရူးမတတ်
ဆူးခက်နှယ်ဆိုးပါပြီ...
ဘယ်လို ဖြေရမယ်
ဝေဒနာတိုး ၊ အဖြေရနိုးနဲ့ 
နှလုံးသား ဆုံးပါးသွားမှာ
စိုးလှပါရဲ့ နော် ...။



2 comments:

Anonymous said...

ကဗျာလေးတွေကောင်းပါတယ်။ကဗျာဆိုတာ စာနည်းနည်းပဲရှိတာမို. စာလုံးပေါင်းမှားရင် သိသာနေပါတယ်။ကဗျာရဲ့ အရှိန်ပျက်တတ်ပါတယ်။
မနှင်းမိုးဝေရဲ့ Post လေးတွေကို ပြန်ကြည့်ရင်တွေ.မှာပါ။ အားပေးလျှက်

Anonymous said...

အခုလို စေတနာထားပြီး ဝေဖန်ပေးတာ ကျေးဇူးတင်ပါတယ် ။ အဲဒီ နေ့ က မနှင်းမိုးဝေမှာ မြန်မာဖောင့်  အခက်အခဲ ရှိလို့  သူမေး(လ်) ကပို့ တာကို ကျွန်တော်ကပဲ ပိုစ့် ကို ပြန်တင်ပေးခဲ့ ရတယ် ။ ကျွန်တော့် ရဲ့  အလျှင်စလို လုပ်ခဲ့တဲ့ လိုအပ်ချက်အတွက် မနှင်းမိုးဝေ ကိုရော စာဖတ်သူ အားလုံးကို ပါ တောင်းပန်ပါတယ်ဗျာ ။