Thursday, June 28, 2007

လူကြီးသား ဆိုးပေ

အိပ်မက်အိမ်ကို မရောက်တာကြာလို့ မမှတ်မိဘူး ... လမ်းမှားနေသေးတယ် ... မတွေ့တဲ့အဆုံး ရပ်ကွက်လူကြီးကို သွားမေးတော့ ဖမ်းမယ်ချုပ်မယ်လုပ်နေလို့ ...
“ဟ !!! ဘာဖြစ်လို့တုန်းဗျ ?
“ အဲဒီအိမ်က ရှုပ်ရှုပ် ရှုပ်ရှုပ်နဲ့ မင်းက ဘာသွားလုပ်မှာတုန်း ? မင်း ဘယ်သူတုန်း ? ”
“ ကိုယ့်ဟာကိုယ် ဘာသွားလုပ်လုပ်ပေါ့ဗျာ ... ဦးလေးနဲ့ ဘာဆိုင်လဲ?”
“ အံမယ် ... ငါက အမိန့်တော်ရ သူကြီးကွ ... မင်းတရားကြီး မျက်မာန်ရှမဲ့ အရေး မှန်သမျှမှာ ဘယ်သူ့ကိုမဆို တားဆီးဖမ်းချုပ်လို့ ရတယ်ကွ ... နားလည်လား ? ”
ဩော် ... ဂလိုကိုး ... ဒီကလည်း ဆိုးပေပဲ ဘယ်နေမလဲ ... စိတ်က ထောင်းဆို ... သိတဲ့အတိုင်း ...
တစ်ခွန်းက နှစ်ခွန်းပိုလာရင် စိတ်က ရှည်လို့မရတော့ဘူး ... ပါးစပ်နဲ့ မပြောဘူး ... လက်ကပါပြီးသား ... ဒါနဲ့ ဇတ်ကနဲဆို လွယ်အိတ်ထဲ လက်နှိုက်ပြီး သူ့အနားကပ် ဖြတ်ကနဲဆို ဆွဲထုတ်လိုက်တယ် ... ထောင်တန်တစ်ရွက် ... ဖတ်ကနဲဆို သူ့အိပ်ကတ်ထဲ ထိုးထည့်လိုက်တယ် ... အဲသလို ... စိတ်ကြီးတာ ... ပါးစပ်နဲ့မပြောဘူး ... လာဘ်ကပါပြီးသား ... အဲ..ဟုတ်ပါဘူး ... လက်ကပါပြီးသား ...
အဲဒီမှာ ဟိုလူကြီးက
“ ဟေ့.. မင်း စော်ကားလှချည်လား ... ဘာမှတ်နေသလဲ ? ”
သိတယ် ... ဒီကောင်ကလည်း နပ်ပြီးသား ... လာထား နောက်တစ်ရွက် ... တစ်ဆက်တည်း ပြောလိုက်သေးတယ် ...
“ ကျနော်လည်း လူကြီးသားပါဗျ ... ဦးလေးရ ... အချင်းချင်းတွေပဲ ... နားလည်ပါတယ် ... ကဲ... ညနေလည်းစောင်းပြီဗျာ ”
ဒါမျိုးကျတော့ သဘောပေါက်လွယ်သားဗျာ ... အခေါ်အဝေါ်တွေ ပြောင်းလို့ (အိတ်လည်းဖောင်းသွားပြီကိုး) ချက်ချင်းပဲ ... သူကိုယ်တိုင် အိပ်မက်အိမ်ကို လိုက်ပို့တယ် ... လမ်းတလျှောက်လည်း
“ ငါ့တူ ... ဒီရပ်ကွက်မှာ လိုတာရှိရင်ပြောကွ ... အစုံရစေရမယ် ... ဒိုလျှိုင်လေးပေါ့ကွာ ... အဟဲ ..”
သူချည်းပဲ လွှတ်ပြောနေတော့တာ ... ဆိုးပေကတော့ ဆရာလေ ... သိတယ်မလား ... ဒီအချိန်မှာ ... ခပ်တည်တည်ပဲ ... အိပ်မက်အိမ်ရှေ့ရောက်လို့ အိမ်ထဲဝင်ကာနီးကျတော့ သူက မေးတယ် ...
“ ဒါနဲ့ ငါ့တူက ဘယ်လူကြီးရဲ့ သားလဲကွ ... လိုတာရှိရင်လည်း အားကိုးရအောင် ပြောခဲ့ပါဦး ... ”
ဟ..ဟာ..ဟား ... ဒါပဲလေ ... ဒီလိုပဲ ဖြစ်ရမှာပေါ့ ... ဆိုးပေ စင်ပေါ်ကဖြစ်သွားပြီ ... အဲဒီ ဒုံပေပေ ရပ်ကွက်လူကြီး ကို မှုန်တေတေကြည့်ပြီး ပြောလိုက်တယ် ...
“ သိချင် ရင် ချွတ်ချလိုက် ... အဲ .. ဟုတ်ပါဝူး ... ဖြန့်ချလိုက် ”


ဂလိုဗျ ... ကျနော့် အဖေ က လူကြီး ...
နယ်နယ်ရရ လူကြီး မဟုတ်ဘူး ...
ဦးလေးကမှ ရပ်ကွက် အုပ်ချုပ်တဲ့ လူကြီး ..ရပ်ကွက်လူကြီး ... ပျင်းတာပေါ့ဗျာ ...
ကျနော့်အဖေက .... လူကြီး ... တကယ့်လူကြီး ... အဖေ့ထက်ကြီးတာ ဆင်ပဲရှိတယ် ... အဲသလို ကြီးတာ
ဘာမှတ်လဲ?
ဘုရားလူကြီးဗျ ... ဘုရားလူကြီး ... ကျနော်တို့ မြို့က ဘုရားမှာ လူကြီး ...
ဘုရားကို အုပ်ချုပ်တာ ...
ဘယ်ဘုရား ဘယ်မှာနေ ... ကျနော့် အဖေကပဲ နေရာချ ဂျူတီခွဲတာ ...
ရသမျှ အလှူငွေ ကျနော့်အဖေ ဘုန်းပြီးမှ ဘုရားက ဘုဉ်းရတာ ...
ကဲ ... ဦးလေး ... လူကြီးတကာ့ လူကြီးမှာ ဘယ်လူကြီးက အကြီးဆုံးလဲ ? ”
အဲသလို ကျနော် ပြောသမျှ မျက်လုံးအ၀ိုင်းသား ပါးစပ် အဟောင်းသား နဲ့ နားထောင် မင်သက်နေရှာတဲ့ ထို လူကြီးလေးမှာ ... ဘာစကားမှ မပြောနိုင်ရှာပဲ ... မတ်တပ်မြောနေရာမှ ငုတ်တုပ်မေ့သွားရှာလေတော့သတည်း။....။....။

ကျနော်တို့ နိုင်ငံရဲ့ လူကြီးတကာ့ လူကြီးတွေထဲမှာ အကြီးဆုံးကတော့ နိုင်ငံအုပ်ချုပ်နေတဲ့ လက်ရှိ လူကြီး များပါပဲခင်ဗျာ ... သူတို့ က အကြီးဆုံးပါ ... မငြင်းပါနဲ့ ခင်ဗျာ ... တကယ်ကြီးတာပါ ... ကြီးလိုက်သမှ မှန်းဆလို့ မရနိုင်လောက်အောင်ပါပဲ ... အဲဒီလူကြီးတွေ ဘာကြီးတယ် မှတ်သလဲ ? ? ?
ကျနော်ပြောမယ်ဗျာ ....
သူတို့တွေ ကြီးတာက ....
“ င ရဲ ” .....ဗျ .....

3 comments:

Anonymous said...

wow!! Lovely , funny , happy ....post !!!
This is ur real style...I can find the image of soepay in this post...

Anonymous said...

It's cool and a very good satire!
Congratulations and thanks..

Anonymous said...

ဟား….ဟား….“(ခေတ္တ) ကိုရီးယားသားငယ်…..စကားကြွယ်ပါဘိ…” ၀န်ခံချက်-“အယုဒ္ဓယသစ်စာ” (စလုံးနှစ်လုံးဆင့်လို့ မရလို့ ပါ) မှ အသုံးအနှုန်းငှားထားသည်။