Wednesday, June 27, 2007

ပြည်ပအလုပ်အကိုင် နှင့်  မြန်မာအမျိုးသမီးများ (မလေးရှား အမြင်)

ပြည်ပသို့ ထွက်ခွာ၍ အလုပ်လုပ်ကိုင်မှု သည် ယနေ့  ဖွဲ့ ဖြိုးစ နိုင်ငံများ နှင့်  ဖွံ့ ဖြိုးဆဲနိုင်ငံများ ၊ အထူးသဖြင့်  ငွေကြေးတန်ဖိုး ကွာဟမှုရှိသော နိုင်ငံများ အတွက် အဓိက ထွက်ပေါက်တစ်ခု အဖြစ် မျှော်လင့် ရသော ခေတ်ကပေးတဲ့  လက်ဆောင်ဖြစ်နေပါတော့သည်။
ယနေ့  ဖိလစ်ပိုင်နိုင်ငံသည် ပြည်ပသို့  ထွက်၍ အလုပ်လုပ်ကိုင်မှု အများဆုံး နိုင်ငံအဖြစ် ရပ်တည်နေခြင်းကား ယင်း၏ ပြယုဒ်တစ်ခုပင် ဖြစ်နေပါတော့ သည်။

ကျွန်တော်တို့  မြန်မာနိုင်ငံရော . . . ?


ခါတော်မှီ ရောဂါတစ်ခု အဖြစ် တည်ရှိနေဆဲပါ ။ ကျွန်တော် အပါအ၀င် ပြည်ပ၌ အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများ ကား အများအပြား ရှိနေဆဲပါ ။ အခြားနိုင်ငံများ၏ အခြေအနေတော့  မသိရပါဘူး ။ မလေးရှားနိုင်ငံရဲ့  ယနေ့ အခြေအနေ ကတော့  အချို့ လည်း အဆင်ပြေကြပါတယ် ။ အချို့ လည်း အဆင်မပြေကြပါဘူး ။ သို့ ပေမယ့်  စာချုပ်အရ လက်မှတ်ထိုးထား ရပြီးဖြစ်ကဖြင့်  အဆင်ပြေအောင် ကြိုးစားလုပ်နေကြရသူများလည်း ရှိနေဆဲပါ ။
အေးဂျင့်  (ပွဲစား) တို့ ရဲ့  အဆင်ပြေသလို နေရာချထားမှု ကြောင့် လည်း အလုပ်ခေါ်ယူသော နေရာနှင့်  အလုပ်လုပ်ကိုင်ရသော နေရာ တစ်ချို့ ဆို လားလားမှ မသက်ဆိုင်ဘဲ လုပ်ကိုင်နေကြရပါတယ် ။
ဒါက . . . အမျိုးသားများ ရဲ့  အခက်အခဲဘဲ ရှိပါသေးတယ် ။
အမျိုးသမီး များ အတွက်ရော . . . ?

အဖြေရ တော်တော်ကြပ်လိမ့် မယ် ထင်ပါရဲ့ ဗျာ . . . ။ ယောင်္ကျားကြီးတွေ တန်ပေမယ့်  တစ်ချို့  အခက်အခဲတွေ တွေ့  လွန်းလို့  ပြန်ပြေးကြသူတွေလည်း မနည်း ။ တစ်ချို့  လခ နဲ့  အခွန် အကြားမှာ ပွဲစားရဲ့  လုပ်စားမှုနဲ့  သူဌေးက လခကို စာချုပ်အတိုင်းပေး . . . ။ အဲဒီမှာ ခက်ရတာက အလုပ်ခေါ်ယူတုန်းက လခက ပျမ်းမျှ (၇၅၀ ရင်းဂစ်) ၊ နေရေး ၊ စားရေး စီစဉ်ပေးမယ်ပေါ့  ။ ရောက်တော့  နေရေးတော့  စီစဉ်ပေးရဲ့  ရေလခ ၊ မီးလခပေး . . . စားဖို့ တော့  ဆန်၊ဆီ စီစဉ်ပေး ကိုယ့် ဖာသာချက်စား . . . ဒါတောင် တော်တော် ကံကောင်းတဲ့ သူတွေနော် ။
ပျမ်းမျှ . . . .
လခ ....................... ၇၅၀
နေရေး ၊ စားရေး .......၁၅၀(-) (အတော်လေး ချွေတာရင်)
ပါမစ်ကြေး(အခွန်)......၁၅၀(-) (မလေးရှား နိုင်ငံ အတွက်ပဲနော် ၊ မြန်မာပြည်က အခွန်ကိစ္စ မပါသေးဘူး ။ )
...............................................
ကဲ .. လက်ကျန် . . . ၄၅၀ (ပျမ်းမျှနော် )

ကံမကောင်းတဲ့  သူတွေကရော . . .
တချို့ ဆို အေးဂျင့် က ဖြတ်စားလို့  (၃) လ ၊ (၄) လ လောက်ကြာမှ လခ ရသူကရ ။ အခက်အခဲတွေ ကို ရောက်ရောက်ခြင်း ဘယ်လိုဖြေရှင်း ကြမှာလဲ ။ သိကြွမ်းတဲ့  သူတွေကို အကူအညီတောင်း ၊ ဟိုလူ ကူပါ။ ဒီလူကူပါ . . . နဲ့  အကူညီတောင်းရသူတွေလည်း မနည်းကြပါဘူး ။
ဥပဒေဘောင် အတွင်းက ကူညီပေးတဲ့  အဖွဲ့ အစည်းတွေ ရှိပါရဲ့  ဘယ်လိုလုပ် ဆက်သွယ်ရမှလဲ မသိနိုင် ။ အခက်အခဲတွေက ခပ်များများရယ် ။

အမျိုးသမီးများကရော . . . ?
အခက်အခဲတွေ အကြားမှာ ကျွန်တော့်  အစ်မတွေ ၊ ညီမတွေကို လမ်းလွဲသွားမှာ စိုးရိမ်ရဲ့ ဗျာ . . . ။

ကျွန်တော်ဒီရက်မှာ သတင်းတစ်ခု ကြားမိတာ ကြာပါပြီ ။ မြန်မာနိုင်ငံ က အမျိုးသမီးတွေ တော်တော်များများ ဒီရက်ပိုင်းမှာ မလေးရှား လာကြတယ်တဲ့  ။ နောက် စိတ်မကောင်းစရာ ကြားလိုက်ရပါရဲ့  တချို့  အဆင်မပြေကြဘူး ။ ကဲ . . . ဘယ်လို လုပ်ပေးကြမှာလဲ

ကျွန်တော် ပြောတဲ့  အကြောင်းလေးတွေကို ဖြစ်နိုင်ရင် လိုက်ပြီး တက်(ပ်) ကလေးကို ခါတော်မှီ လေး ဖြစ်ဖြစ် ရေးပေးကြပါလား။ ဆောင်ရန် ၊ ရှောင်ရန်လေးတွေနဲ့  နောက်လာမယ့်  အမျိုးသမီးလေး များကို ပညာပေးစေချင်လို့ ပါ . . . ။

ကျွန်တော်မိုးစွေ မနေ့ တနေ့ ကမှ ဘလောဒ့်  စရေးကြည့်တာပါ ။ အမှားများပါရင်လည်း ခွင့် လွှတ်ကြပါ ။ ၀ိုင်းဝန်းလည်း တက်(ပ်) ပေးကြပါလို့  . . . ။

လက်ရှိအခက်အခဲ ရှိနေသူများ ကျွန်တော်ကို ဆက်သွယ် နိုင်ကြပါတယ် ။ နှုတ်၏ဆောင်မခြင်းဖြင့်  အခက်အခဲအချို့  ကို ဥပဒေဘောင် အတွင်းမှ ကူညီပေးမည့် အဖွဲ့ အစည်းများနှင့်  ဆက်သွယ်ပေးပါရစေ . . .

မိုးစွေ
တယ်လီဖုန်း +(၆၀၁၄) ၆၂၀ ၄၆၄၂
ခေတ္တ မလေးရှား

No comments: