Sunday, June 17, 2007

ဘ၀ ရဲ့  မှတ်တမ်း


မှတ်တမ်းတစ်ခုရဲ့  မျက်ရည်စီးကြောင်းက
ဘ၀နှစ်ခုရဲ့  အပြီးပိုင်ခွဲခွာခြင်းကို
မိုးစက်တွေ နဲ့  စိုစွတ်စေတာလား
မိုးစက်တွေ နဲ့  အေးမြစေတာလား
မိုးစက်တွေ နဲ့  နှောက်ယှက်တာလား
မိုးစက်တွေ နဲ့  ဖေးမတာလား
မိုးစက်တွေနဲ့ မင်း . . .
ခပ်မဆိတ် နေပေးပါလား
မှတ်တမ်းရေ . . .
ငါ နှုတ်ဆက် ခဲ့ ရပြီးပြီပဲ။
လွတ်လပ်သော ရပိုင်ခွင့် တစ်ခုနဲ့ 
ဘ၀ကို ဆွေးမြေ့ စွာ လျှောက်လှမ်း
မနမ်း ရှိုက်ခဲ့ ရတဲ့ ဘ၀ကို
ငါလေ မတွေဝေခဲ့  ရပါဘူး၊
ဆန္ဒတွေ အတိုင်းပါပဲ
ရင်ကွဲ ခံခဲ့ တယ် . . .။
မိုးစက်ရေ . . .
နှလုံးသားမှာ ရေးထားတာက
ဘ၀ အတွက်ကဗျာ
ငါ . . .
အထီးမကျန်ပါဘူး၊
မှတ်တမ်းလေးကို ထွေးကူလိုက်ပါကွာ . . .
သူကိုငါ အဖော်မပြုနိုင်တော့ လို့ ပါ။
ပြန်ဖတ်ဖို့  မလိုတော့ တဲ့ ၊ သူ့ စာမျက်နှာတွေအတွက်
နှလုံးသားကတော့  အားနာနေလေရဲ့ 
Memory အပြည့် save ထားပြီးခဲ့ မှတော့ 
မင်း မလိုတော့ လို့ ပါ
မှတ်တမ်းရေ . . .
ငါ့ ရဲ့ 
အာရုံကြောတွေ အထဲမှာ
ဘ၀ကပေးတဲ့  ယုံကြည်မှုတွေနဲ့ 
ငါ့ ရဲ့ 
သွေးကြောတွေ အထဲမှာ
ဘ၀ကပေးတဲ့  အမိန့် တွေနဲ့ 
( သူက မသိဟန်နေပေမယ့် )
နှလုံးသားရဲ့  Remainder မှာ
Schedule date ကို brain နဲ့ ချိတ်လို့ 
ရွှေရောင် အိမ်မက်အပိုင်းအစတွေကို
တမ်းတ နေဆဲ . . .
တမ်းတ နေမြဲ . . .
တမ်းတ ... ရင်းနဲ့ မှ
အတိတ်တစ်ဖက် ၊ အိမ့် မက်မှာ
နိုးတစ်ဝက်နဲ့  ရှေ့ ဆက်လို့ 
ဘ၀ ကို ကတိပေးလိုက်ချင်ရဲ့ 
ဘ၀ ရေ . . .
ဘ၀ ကို ၊ ဘ၀ လို
ဘ၀ ရဲ့  စိတ်တိုင်းကြ
ဘ၀ ... ဘ၀ တွေ ဘယ်လို ပြောင်းပြောင်း
ဘ၀ ရဲ့  အကြောင်းကို မမေ့ ပါဘူး
ဘ၀ ရယ် . . .။ ။

No comments: