ဘ၀ ဘယ်မှာငါ နားခိုရာမဲ့ 
ခရီးဖွင့် လို့ ရွက်လွှင့် ရင်းနဲ့ မှ
ပင်လယ်မှာ ရင်ကယ်စရာ
အဲဒီမှာစတွေ့ 
ဘ၀မေ့ စရာတော့  မဟုတ်ခဲ့ ပါဘူး
ရွက်ကျိုးတုန်း ခဏ တက်ထိုးလှော်ရင်းက
မောင်းရင်းစုံတင်း အားပြင်းပြင်းဖွင့် 
လေအဆန်မှာ ရေသန်နေလည်း
လေအစုန်မှာ ရေစုန်လိုက်ဖို့ 
ကြိုးစားခဲ့ ရအချိန်ကပေါ့ 
ဒါ ဘ၀ လို့  ရေရွတ်ခဲ့ ရဘူးတယ်။
သြော် အခုတော့  . . .
ဘ၀ ရေစုန် လေအဟုန်မှာ
ရွှေပုံပေါ်ထိုင်ရင်း ရေရွတ်နေတာက . . .
ငွေ . . .
သေရင်ထားခဲ့ ရမှာ မေ့ နေရဲ့ 
ရွှေ ၊ ငွေ ၊ ကား ရတနာတွေနဲ့ 
လင် ရယ် မယား ရှာကြံကာထားပြီးလည်း
အငယ်နှောင်း နဲ့  တစ်မျိုး
ဇယ်ကျောင်းကတစ်ဖုံ
ရစ်ရွှေရည် ရီဝေရင်းနဲ့ 
ညရောင်စုံတွေ အထဲမှာ
ငါ . . . ပျော်ပျော်ကြီးစံစား
ဒါလားဘ၀ လို့ တောင် မေးလိုက်ချင်သေးရဲ့ 
ငါ . . .
ဂျို (ချို) ပေါက်မှ နွားတဲ့ လား . . .။ ။
3 comments:
ဒီကဗျာ တော်တော် ကြိုက်တယ် ...
ဟား… ပေါ့ပါးတဲ့ဟန်နဲ့ သရော် ထားတယ်လို့ ခံစားရတယ်.. ရေးပုံ သဘောကျတယ်
ဒါလေးဖတ်ပြီး ပြုံးမိတယ်ဗျို့ ။ ရေးတာ ထိတယ် ။
Post a Comment