Sunday, June 17, 2007

အိမ်မက်ကျိုး၊ဂစ်တာပျက် ဘ၀ရဲ့  လက်ဆောင်


အနားမှာ ဂစ်တာတစ်လုံး ၊
ချစ်သူရဲ့  အပြုံးရိပ်နဲ့ 
မှေးစက်မအိပ်ပဲ အိမ့် မက်မက်သူ . . .
ဘ၀ကပေးတဲ့ လက်ဆောင် အိမ့် မက်တောင်မှ
မြတ်မြတ်နိုးနိုး ထမ်းပိုးခဲ့ ပါရဲ့ 
သံစဉ်မငြိမ်၊ ကီးအိမ်မရှိတဲ့ 
ငါ့ ရဲ့ ဂစ်တာအို
ပုံရိပ်ထင်ဆဲ၊ မြင်ယောင်ဆဲ
ကြင်နာဆဲ၊ တွယ်တာမြဲရယ်လို့ 
တွေးကာမှပဲ
ဝေးကာသွားတဲ့  အိမ်မက်အို
ဘ၀ ရဲ့  လက်ဆောင်တွေ အကြားမှာ
ငါ မနိုးထပါရစေနဲ့  . . .။ ။

No comments: