Monday, June 18, 2007

ဖျော်ဖြေခြင်း

ကျနော်အခုတလော စဉ်းစားမိတာက......ကိုယ်.ကိုယ်ကိုဖျော်ဖြေနေရတဲ့ကိစ္စပါပဲ။မောဟ ဘဲဖြစ်ဖြစ်၊သောက ဘဲဖြစ်ဖြစ်၊လောဘ ဘဲဖြစ်ဖြစ်ဗျာ။ကိုယ့်ဘ၀ကို ကျေနပ်နိုင်ရဲ့လား။လူသားဖြစ်ရတဲ့ အကျိုးဆက်တွေ ခင်ဗျား စဉ်းစားနေမလား။သက်တောင်.သက်သာနေရင်း ခင်ဗျားရဲ့ ဦးနှောက်နဲ.စိတ်နှလုံးက အငြိမ်နေလို.လား။ခင်ဗျား သိုမှီးသိမ်းဆည်းထားသမျှရော သွန်ချ၊ ထုတ်ပြဖို. အခြေအနေ သင်.ရဲ.လား။ခင်ဗျား ဘယ်လောက် ကြီးမြင့်လဲ။ခင်ဗျား ဘယ်လောက် မြင်.မြတ်လဲ။ဘယ်လောက် ခမ်းနားလဲ။ဘယ်လောက် နာကျင်ခံစားခဲ့ရသလဲ။ဘယ်လောက် အတွေ.အကြုံတွေ ပြည့်နှက်ခဲ့လဲ။{မင်းကတော့ သိတယ်လို.ထင်မှာဘဲ....မေးခွန်းတွေကတော့မဆုံးဘူး။}(မင်းခိုက်စိုးစန်၏ ဘာသာပြန်ကဗျာများမှ )
ခင်ဗျားရော ကိုယ့်ကိုယ်ကို ဖျော်ဖြေနေရလား အသေအချာပြန်မေးကြည့်ပါဦး။ကျုပ်ကမေးနေတာကျုပ်ကိုပြန်မမေးပါနဲ.လို. ကျုပ်ပြောခွင်.ရှိသလား။မရှိလားဆိုတာ နောက်မေးခွန်း။ဖြေစရာရှိတာ ဖြေရမှာပေါ့ဗျာ။အဟဲ ကျုပ်လည်းပါတယ်။

1 comment:

Anonymous said...

ကိုနွေလှိုင်...
အဲဒါမျိုးတွေ ဖတ်ချင်သေးတယ်...
ကြိုက်တယ်ဗျ...
အားမှရေးပေးပါဦး...