Tuesday, June 19, 2007

အမေ့အတွက်...


အမေ့ ရဲ့ မွေးနေ့မှာ အမေ နဲ့ တကွ မြန်မာပြည်သူပြည်သားတွေ အမြန်ဆုံး လွတ်လပ်အေးချမ်းဖို့ နိုင်ငံအသီးသီးမှာ ရောက်နေကြတဲ့ ကျွန်တော်တို့မြန်မာတွေအားလုံး ဆုတောင်းကြပါတယ် ။ ဆုတောင်းရုံနဲ့ မပြီးစေချင်ဘူး။ ကိုယ်တောင်းတဲ့ဆု၊ ကိုယ်လိုတဲ့ ဆုတွေအတွက် ကိုယ်တိုင်အားထုတ်မှုက အဓိကကျတယ်။ အမေ့အတွက်ဆုတောင်းမှုတွေထဲမှာ ကျွန်တော်တို့ အတွက်လည်းပါတယ်။ အမေကလည်း သူလွတ်လပ်ရုံတစ်ခုတည်းအတွက်ဆို ဒီလောက်ထိ ဆင်းရဲပင်ပန်းခံနေစရာမှ မလိုပဲ။ သူ ရင်းနှီးနေသမျှအရာ အားလုံး က ကျွန်တော်တို့အတွက်ပဲ။ ဒီတော့ ဒီဆုတွေ ပြည့်ဖို့က ကျွန်တော်တို့နဲ့ လုံးဝ ဆိုင်တယ်။ ကျွန်တော်တို့ ကိုယ်တိုင် မပါဝင်ပဲ နဲ့တော့ ဘယ်လိုမှ ပြည့်စရာ အကြောင်းမရှိဘူး။ အပြောမဟုတ် အလုပ်နဲ့ သက်သေပြကြရမှာပဲ။

ဘယ်လိုလုပ်မလဲ? ဘယ်လို သက်သေပြမလဲ ?
ဒါကတော့ ကိုယ်တတ်နိုင်သလောက်ပဲ ။ ဆုတောင်းပေးရုံပဲ တတ်နိုင်တယ်ဆိုတဲ့ အဆင့်ထက်ပိုတဲ့ တစ်ခုခုပေါ့ဗျာ။ ဘာလုပ်ရမယ်လို့ ပြောပြ လမ်းညွှန်နိုင်လောက်အောင် ကျွန်တော်တို့ မပြည့်စုံသေးပါဘူး ။ ဆိုတော့ ဘာလုပ်သင့်တယ်ဆိုတာကို ကိုယ့်ဟာကိုယ် ဆုံးဖြတ်ပြီး တစ်ထောင့်တစ်နေရာကနေ တစ်တပ်တစ်အားပေါ့ဗျာ ... လုပ်ကြပါလို့ ငြိမ်းချမ်းရေးအကျိုးမျှော်လို့ နှိုးဆော်လိုက်ပါတယ် ။ ။
" အမေရဲ့ လွတ်လပ်အေးချမ်းမှုတွေ မှန်သမျှ ဒီနေ့ ဒီအချိန် ဒီမွေးနေ့က စ၍ နှစ်ပေါင်းများစွာ တည်ပါစေ "

ဘာလုပ်သင့်လည်း စဉ်းစားလို့ ကောင်းအောင် ဖတ်ဖို့ စာတွေ ညွှန်းလိုက်ပါတယ်။
ကိုကလိုစေးထူး
ကိုပုထုဇဉ်
ကိုကဒေါင်းညင်သာ
ကိုမောင်ရင်
မိုးညို
တွေ့ထားသလောက်ပါ။ ဖတ်ကြည့်လိုက်ကြပါ။

အိပ်မက်အိမ်မှာ ၀င်ရောက်ရေးသားတဲ့ သူငယ်ချင်းညီအစ်ကို မောင်နှမတွေနဲ့ လာရောက်လည်ပတ်သူများကို ကျေးဇူးတင် လေးစားလျှက်...




1 comment:

Anonymous said...

သဲတစ်ပွင့် စာ တာဝန်ယူကြရအောင်ဗျာ။ ကျုပ်တို့ တွေအလှည့်ကြပြီ ပခုံးလွှဲရအောင် ကြိုးစားထားရမယ်။