Saturday, June 23, 2007

ညနေခင်းတစ်ခုရဲ့  ရင်ခုန်သံ (၂)

ကလေးရေ ...
အရာရာဟာ ပုံမှန်လှုပ်ရှား နေကြရဲ့ 
ဒါပေမယ် . . .
မင်းမရှိတဲ့  ညနေ အလင်းပျောက်မှ
ကိုယ့်  ဘ၀ သံစဉ်ပျောက်ခဲ့ ရတယ် ။
ရင်ခုန်သံရဲ့  သံစဉ်စည်းချက်တွေကို
ရှာဖွေရင်းနဲ့  . . .


ကို ရေတံခွန် အတုလေးဘေးမှာထိုင်လို့ 
အတိတ်ရဲ့  အရိပ်တွေကို မှန်းမျှော်နေမိတယ် ။
Silent မလုပ်ပဲ တိတ်နေတဲ့  ဖုန်းရဲ့  အရိပ်က
အချိန်တွေကို တိတ်တဆိတ် ဖဲ့ ခြွေစားနေသလိုပါပဲ...
အရာရာဟာ မင်းအရိပ်တွေ လွှမ်းမိုးနေလေရဲ့  ။
လွမ်းတယ်လို့ တော့  ဆိုပါရစေနော် . . .
လွမ်းလွန်လွန်းလို့  လွမ်းတာမို့ ပါ ။
လွတ်တပ်မှုကို ရူးရူးမူးမူး နှစ်သက်လွန်းတဲ့ မင်း
လမ်းသွားရင်း လက်ကလေးကိုတောင် ကိုင်ခွင့် မရတဲ့  ကို
ခံစားချက်ညီမျှခြင်းတွေ အချိုးချဖို့ 
သတိမှ ရရဲ့ လားကွာ . . .
စုံတွဲလေးတွေမြင်တိုင်း အတူဆုံခဲ့ တဲ့  အချိန်ပိုင်းကို
သတိတရ ရှိပါရဲ့ ကွာ . . .
ချစ်ရသူနဲ့  ဆုံတွေ့ ရတဲ့  ညနေခင်းရဲ့ တရားပွဲလေး
ထူးထူးဆန်းဆန်းနော် . . .
တရားအကြောင်းနဲ့  လမ်းကြောင်းပြောင်းတဲ့  ညနေ . . .
ရင်ခုန်သံတွေ နီးစပ်စေဖို့  မတတ်နိုင်ခဲ့ ဘူး ။
သြော် . . .
ဒီကနေ့ တော့ 
လာမယ့် သူဘယ်ဆီမှန်း မသိပေမယ့် 
ရမ်းမျှော်တမ်းတ မှန်းဆရင်းမှ
အချိန်တွေ တိုက်စားဖဲ့ ခြွေ
ရေပန်းတွေတောင် အိပ်စက်နေပြီလေ . . .
တယ်လီဖုန်းလေးရယ် . . .
မင်းသခင်မကို သတိပေးလိုက်ပါလား
ပြန်မခေါ်တတ်တဲ့  ဖုန်းနံပါတ်လေး ရဲ့ 
Incomming call ကို စောင့် မျှော်နေတဲ့ ဘ၀တစ်ခုကို
အိပ်ပျော်ဖို့  ကြိုးစားနေရင်း ဂရုဏာအကြည့်နဲ့ 
လှည့်ကြည့်နေတဲ့  သစ်ပင်အို . . .
ကျေးဇူးလို့  ဆိုချင်ပါရဲ့ 
ဒါပေမယ့်  . . .
ကျွန်တော် မပျော်နိုင်ဘူးဗျာ . . .
အဲဒီည
ချစ်သူမှ မရောက်လာတာ . . . ။ ။

No comments: