Friday, June 22, 2007

မထူးဆန်းတဲ့  ကမ္ဘာ

နံက်ခင်းတစ်ခုမှာ ကမ္ဘာကြီးကို မင်္ဂလာပါလို့  နှုတ်ဆက်ဖို့  ကျွန်တော်မေ့ လျှော့ ခဲ့ တယ် ။ ဒါပေမယ့် သူကခွင့် လွှတ်ခဲ့ ပါတယ် ။ ကျေးဇူးပါပဲ ခင်ဗျာ လို့  ပြောမိတော့  သူက စကားတစ်ခွန်းပြန်ပြောတယ် ။

" Nothing Happen In The World " တဲ့ 

ပန်းဥယျာဉ် တစ်ခုမှာ ဦးခေါင်းပေါ်ကို သစ်ရွက်တစ်ရွက် ကြွေကျခဲ့ တယ် ။ ကျွန်တော် သစ်ပင်ကြီးကို မကျေမနပ် မော့ ကြည့်ရင်း စကားစုတစ်စုကို တီးတိုးရေရွတ် လိုက်မိတယ် ။ကမ္ဘာကြီးက ကြားသွားတော့  စကားတစ်ခွန်း ပြန်ပြောတယ် ။


" Nothing Happen In The World " တဲ့ 

လမ်းမကြီးတစ်ခုကို ကျွန်တော် ဖြတ်ကူးနေတုန်းပေါ့  ။ အရေးပေါ် လူနာတင်ယဉ်တစ်စီး ငယ်သံပါအောင် အော်ဟစ်ရင်း အမောတကောပြေးလာလို့  မီးနီနေပေမယ့်  ရပ်စောင့် လိုက်ရတယ် ။ တော်တော် အရေးကြီးနေတယ် ထင်ပါ့ လို့  တီးတိုးဆိုမိတော့  ကမ္ဘာကြီးက စကားတစ်ခွန်း ပြောပြန်တယ် ။

" Nothing Happen In The World " တဲ့ 

ကျွန်တော် တစ်ခုကဘောပေါက်ခဲ့ ပါတယ် ။ ဒါပုံမှန်ဖြစ်စဉ်တွေပါလားလို့ ။ ကိစ္စ မရှိပါဘူးပေါ့  ။ ကိုယ်မပါရရင် ပြီးတာပဲပေါ့  ။ ထိုခဏအတောအတွင်းမှာပဲ သတင်းတစ်ပုဒ် အသံထွက် ဖတ်မိလိုက်တယ် ။

" ကမ္ဘာ့  အင်အားကြီး နိုင်ငံတွေ နြူကလီးယား လက်နက်တွေ စွမ်းအားမြှင့် ဖို့  ကြိုးစားနေကြတယ် " လို့  တကယ့်ကို တိုးတိုးလေး ဖတ်မိလိုက်တာပါ ။
တစ်ချိန်လုံး နှုတ်ဆိတ်နေတဲ့  ကျောက်တုံးလေးက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်တယ်။

" Nothing Happen In The World " လို့ ပါ ။

" ဟင်း .. ....... " လို့  မပီမသ သက်ပြင်းချသံကြားမိလိုက်တယ် ။
သြော် . . . ကမ္ဘာကြီး ရဲ့  အသံပါလားနော် ... ။ ။

No comments: