Monday, June 25, 2007

တိတ်ဆိတ်စွာ သေဆုံးခြင်း

ယမကာ တစ်ခွက်နဲ့  ဘ၀ အဆက်ဆက်ကသစ္စာ
အပြစ် ဖြစ်ခဲ့  ရပါသောငါ ...
ရင်ထဲမှာ သိုမှီသိမ်းဆည်း
ဘ၀ဆိုတာ . . .
ဘယ်ပုံ ဘယ်ခရီး မသိရပေမယ့် 
သတိရနေဆဲပါ ။


ချစ်ခဲ့ ခြင်းကို အဖြစ်ဖွဲ့ လေတဲ့ မင်း ...
ပေးဆပ်ခြင်း အထပ်ထပ်နဲ့ 
ချွေးနဲ့ စပ် ရင်းနှီးခဲ့ ရသောဘ၀ ...
ခါးသီးခဲ့ ရသော အတိတ်
တိတ်တဆိတ် ရွေ့ လျှားထွက်ခွာ
ဘ၀မှာ ...
သူ တိတ်တဆိတ် သေဆုံးခဲ့ ပြီ ။


ပြန်လည်ကောက်ယူ အသက်ရူချင်လည်း
ပြုပြင်ဆဲ ဦးနှောက်ရဲ့  ဆဲလ်တွေက
ချစ်ခြင်း လက်ခံ ၊ အပြစ်ဒဏ်ခတ်
ဘ၀ကို လွတ်လပ်စွာဖြင့် ၊ သေဆုံးခွင့်  ပြုလိုက်ရဲ့ 
သင်နှင့်  ကျွန်ုပ် မည်သို့ မျှမသက်ဆိုင်
သင်သွားလိုရာ သွားနိုင်ပြီ . . . ။


ဘလောဒ့် ဂျာအဖြစ် ခေတ္တ ခဏ ရပ်တည်ခွင့် ရတာ ကျေးဇူးတင်လှပါပြီ ။ Good Bye All !

No comments: