Monday, June 25, 2007

မိုးအကြောင်း၊မျောလွင်.နေတဲ့ခြေရာတစုံ၊ကမ္ဘာမကြေသီချင်း

ခွင့်လွတ်ချင်လွတ်၊ မလွတ်ချင်နေတော့ ချစ်သူ။ဘ၀ကိုယ်စီ ပိုင်ဆိုင်နေတဲ့လူသားတွေပဲလေ။ဆန္ဒရှိရာ ပျံသန်းဖို. တောင်ပံတွေရှိတာမို. ယုံကြည်ရာကိုယ်စီလမ်းတွေပေါ် စီးမျောကြမှတော.ကွယ်။....ငါမရောက်ဖြစ်တော့မဲ့လမ်းထဲ မှာ....မိုးတွေရွာလာပြန်ပြီလားချစ်သူ...။ဝမ်းသာအားရ ငိုချလိုက်တော့လေ ဟိုအရင်က ရီသံတွေရဲ့ အစားထိုးရမဲ့ကွက်လပ်နေရာမှာ........

မင်းဘာတွေရေးနေတာလဲ။အူကြောင်ကြောင်နဲ.ကွာ။အဲဒီလိုပါပဲဗျာ ပျိုမြစ်ခြင်းရာသီကုန်ချိန် တဖြည်းဖြည်း ရောက်လာတော့လည်း အတိတ်ကိုပြန်လွမ်းရတဲ့ အိုမင်းလာသောနာရီတွေအောက်ကို တိတ်တိတ်လေးရောက်ရပြီပေါ့။မနေ.ကမိုးတွေရွာတယ်။ကိုယ့် ကိုယ်ကိုတည်ဆောက်နေခြင်းဟာ အားလုံးအတွက် အကောင်းဆုံးပေးဆပ်ခြင်းပါလို.ကျောင်းတွေ အမျိုးမျိုးလျှောက်တက်ပြီး ခဏခဏကျနေတဲ့ကောင်မလေးတစ်ယောက်က ပြောဖူးတယ်ခင်ဗျားထင်သလား။ဘာတွေရေးမှန်းမသိတဲ့ ခင်ဗျားစာကြောင်းတွေက ရှည်လိုက်တာဗျာ။ချစ်သူရေ နင်သိရဲ့လား။မိုးစက်များသည် ကမ္ဘာမြေကိုဆေးကြောပေး၏။ကိုယ်စီအသိစိတ်ဓာတ် ရှိနေရင် ဒါတွေက ပြောစရာမလိုတဲ့ အပိုစကားတွေပဲ။ကျွန်ုပ်တို.၏လူမျိုးများသည် စည်းလုံးညီညွှတ်ကြပါသလား။ချစ်ခြင်းမေတ္တာသည် မိုးစက်များကဲ့သို. အေးမြသည်။အေးမြသည် ကမ္ဘာမကြေသီချင်းဆိုရပါသလား။ဖရဲသီးများက အေးမြကို အေးမြစေသည်။အမျိုးသ္မီးဆောင်ရှေ.မှာ ကျောင်းသားတချို.မူးပြီး ကမ္ဘာမကြေသီချင်းကို အော်ဟစ်နေကြ၏။တချို.သစ်သီးများသည် မစားရပဲချိုမြိန်ကြောင်း သစ်သီးရောင်းသူက ပြော၏။ကျနော် စပိန်လို လေးလုံးခန်.သိကြောင်း ကလေးမလေး တစ်ယောက်က သိသည်။ရီစရာပြောမှ ရီပါ။ရဲများသည် ရီနေသောအေးမြနှင့် ကျောင်းသားများကို စခန်းသို. ခေါ်သွားကြ၏။ချစ်သူရေ နိဂုံးရေးရန်အချိန်ရောက်ပြီလား။အခါများစွာ၌ လူသည်ကိုယ်.အားကို မကိုးပါ။အကယ်၍ ကျွန်ုပ်တို.၏ အားကိုးယုံကြည်သူများမရှိလေသော် သင်ဘာလုပ်ရမည်နည်း။အကယ်၍ မရှိမဖြစ်လူ မရှိလျှင် မည်သို.ရှေ.ဆက်ရမည်နည်း။ချစ်သူသည် မရှိမဖြစ်ဆိုလျှင် သင်ဘ၀ကို ရေစက်ချ အမျှဝေလိုက်ပါ။အကယ်၍ မနက်ဖြန်များကို ပါးပါးလှီး၍ မျောက်တစ်ကောင်ကို ကျွေးလိုက်သောအခါ ကြယ်တွေကို တောက်တောက်စားတဲ့စုန်းမတစ်ကောင်သည်ကျနော့်ချစ်သူ ဖြစ်သွား၏။အကယ်၍ အတွေးအခေါ်မည်မျှ တိုးတက်သည်မသိပါ။အကယ်၍ ဆံပင်များသည် တစ်နေ.တခြား ဖြူလာလေ၏။အဲဒါကြောင့် ပြောတာပေါ့။အကယ်၍အခုတော့ ကိုခင်ဝမ်းရဲ့ နှင်းဆီဖြူကသူမဖြစ်သွားလေပြီ။မိုးအကြောင်း ကမ္ဘာမကြေ သီချင်းထဲမှာပါလို.လား။မျောလွင့်နေတဲ့ခြေတစုံဟာ မိုးအကြောင်းမဟုတ်သလို ကမ္ဘာမကြေသီချင်းလည်း မဟုတ်ပါ။တကယ်တော့ ပျော်ရွှင်စရာဖြစ်ဖြစ်၊၀မ်းနည်းစရာဖြစ်ဖြစ် လူဟာခံစားမှုမှာ မိန်းမောသာယာနေတတ်တယ်လေ။အကယ်၍ ကျွန်ုပ်သည် စက်ဝိုင်းတစ်ခုကို အလျှားလိုက်ရေးဆွဲနေလေ၏။တချို.မနက်ဖြန်များကျနော်ကို ချေးငှားကြပါ။အကယ်၍ မနက်ဖြန်မိုးရွာဦးမည်လား။မိုးရေထဲမှာသာ ငိုရတော့မည့်သူအတွက် အကယ်၍ ရွာပေးလိုက်ပါ။အကယ်၍သည် သူမဖြစ်သောအခါ သူတို.ပျော်ကြလေပြီကို မင်းလူရေးသားခဲ့ပါသည်။ကိုတာ ကတော့ မုံရွေးမှာနေချင်သေးပါသလား ၊ မသိပါ။လမ်းလျှောက်နေသော်လည်း ရှေ.မရောက်သူကို နွေလှိုင်ဿုန်းဟုခေါ်တွင်ပါသလား။



No comments: