Sunday, June 3, 2007

နိစ္စဒူဝ ဖြေနေရတဲ့  မေခွန်းတွေ အကြောင်း

  • ကျွန်တော်ကို မေးလေ့  မေးထ ရှိကြပါတယ်။ မင်းဘယ်သူလဲတဲ့ ။မိုးစွေပါလို့  အမြဲတမ်း ဖြေကြားခဲ့ ပါတယ်။ ကျွန်တော်က မိုးစွေလို့ ပဲ ဖြေချင်တာကို . . . အကြောင်းပြချက်ကတော့  ခိုင်ခိုင် လုံလုံ ရှိပါရဲ့ ။
  • စာဖတ်သူတစ်ဦး ဆိုတဲ့  ပုဂ္ဂိုလ် ကြီးတစ်ဦးရဲ့  လတ်တလော ရေးသားထားမှုကို ဥပမာ ထားပြီး ပြောပြချင်ပါတယ်။ ဧပြီလ ၊ ၂၅ ရက်နေ့  က အဖြစ်အပျက်လေးပါ။ ရန်ကုန်မြို့  သိမ်ကြီးဈေး အနီးမှာ တစ်ကိုယ်တော် ဆန္ဒပြခဲ့ သူ ဦးအုန်းသန်း နဲ့  ပါတ်သတ်လို့  ဒီ စာဖတ်သူ ဆိုတဲ့  ပုဂ္ဂိုလ်ရဲ့  ရေးသားချက် အချို့ ပါ ။

" တစ်ကိုယ်တော် ကျော်ကြားလိုမှု ၊

နိုင်ငံရေး လှေကြုံစီးမှု ၊

ပြည်ပမှ ချီးမြှောက်မယ့်  ဘွဲ့ တံဆိပ် ၊ ဆုလာဘ်

ရလိုမှု"

စတာတွေ နဲ့  ဆင်ခြင်မှု ကင်းစွာ လုပ်နေလို့  ဆိုပဲ။

  • တော်ပါပေရဲ့  ငါ့ ဆရာရေ . . . ။ စာဖတ်သူတာ မဟုတ်ပဲ စာရေးသူတာဆိုရင် ဆရာ့  ဂျပိုးနင်းလို့  ကျုပ်တို့  သေလောက်ရဲ့ ။ ဒါကြောင့် လည်း ပြည်တွင်းက ထောက်ပံ့  ဘဏ္ဍာ လောက်လောက်ငှငှ ရနေတယ်ထင်ပါရဲ့ ။ စိတ်တော့  မဆိုးနဲ့  ဆရာရေ . . .။ကျုပ်လည်း ဆရာ့ လိုပေါ့ နာမည်က မိုးစွေ ၊ ဆရာလို တော့  ပြန်ကြားရေး ဌာနတစ်ခု ရဲ့  အယ်ဒီတာ မဟုတ်ဘူး။ ကိုယ်လုပ်မှ ကိုယ်စားရတာ ၊ ရရစားစား အလုပ်ကြမ်း သမားဗျ။
  • တစ်ကိုယ်တော် ကျော်ဇောလိုမှု ဆိုတာတွေ ကြောက်လို့  မိုးစွေ လို့  သုံးတာဗျာ။ နိုင်ငံရေး လှေကြုံစီးမှု . . . သိနေတယ်လေ . . . ဘယ်အဖွဲ့  အစည်းမှ မ၀င်ဘူး။ ပြည်ပက ဘွဲ့ တံဆိပ် ရလိုမှု . . . ဝေလာဝေးပါ ငါ့ ဆရာရယ် ။ ကျုပ် ဗမာပြည်ပဲ အမြဲနေမှာပါ။ လိုအပ်လွန်း ၊ လိုအပ်လာရင်တောင် ကျွန်တော် မိုးစွေပါလို့  အသိပေးပြီး ဆရာ့ အိမ်လာလည်ပါ့ မယ်။ နောက်မှ တွေ့ ကြတာပေါ့  ။ ဒီနေ့ တော့  ဆရာ့ စာတွေဖတ်ပြီး အစာမကြေ ဖြစ်နေလို့  လမ်းလျှောက်ထွက်လိုက် ဦးမယ်ဗျာ. . . ။

No comments: