နောက်ပိုး ဆိုသော ထိုရောဂါ
စေ့ စေ့ တွေးမှ ရေးရေးပေါ် ဆိုသည့် စကားသည် ငယ်ဘ၀ကို ပြောကြခြင်း ဖြစ်ပေ လိမ့် မည်။ ကျွန်ုပ် ဘာကြောင့်  ပြောသနည်း ။ အကြောင်းရှိပါသည်။ ကျွန်ုပ်၏ ငယ်ဘ၀ အကြောင်းများကို ကိုယ်တိုင်ကိုယ်ကျ စေ့ စေ့  ငှငှတွေးစေကာမူ ရေးရေးသာ ပြန်လည်မှတ်မိ သတိရပါတော့ သည်။ ကွယ်လွန်သွားလေပြီ ဖြစ်သော အဘိုးသာ ရှိခဲ့ ပါက လွန်စွာမှ ဂုဏ်ယူဝံ့ကြွား မိပေလိမ့် မည်။ ( သက်ရှိထင်ရှား ရှိစဉ်ကမူ ထိုသို့  မတွေးဖြစ်ခဲ့ ပေ။ ) အဘိုး အကြောင်းတွေးမိမှ မေးနေကျစကား သွားသတိရလိုက်မိရဲ့ ။ ငါ့ မြေး ၊ မင်းနောက်ပိုးထတတ် နေပြီလားတဲ့ ။ ထိုအခါကများဆို ငရင်သြ ၊ ကျွန်ုပ် နေစရာနေရာမရှိ ။ မျက်နှာကြီး နီမြန်းလျှက် ဘာလုပ်လို့  ဘာကိုင်ရမှန်းပင် မသိ ၊ အဲဒီလောက်ပင် ရှက်ခဲ့  ရတာပါ။ နောက်တော့ ရော . . .အထင်နဲ့  အမြင် လွဲပေရော့ (၇) ရက်သားမှာ မပြတ်တဲ့  ရှက်ကြိုး (၈) တန်းနှစ်မှာ ပြတ်ပါလေရောဗျာ။
၁၉၉၄ ခုနှစ် ၊ ဖေဖေါ်ဝါရီလ ၁၀ ရက်။ ညကျောင်းသား ဘ၀ ရောက်တော့ အတတ်ဆန်ချင်ပြီ။ စာအုပ်နောက်ထား ၊ ဟိုစပ်စပ် ၊ ဒီစပ်စပ် အသံကြားသမျှ နားစွင့်  အားလုံးက ဆန်းနေတာကိုဗျ။အဲ့ ဒီမှာ ဘလင်းတိုင် ဆိုလား ပျော်စရာနေ့ တစ်နေ့  ရှိတယ်လို့  ငမိုးက လက်တို့ တယ် ။ ( အမှန်က ဗယ်လင်တိုင်း ချစ်သူများနေ့ ပါ။ ) ဘာလုပ်တဲ့ နေ့ လဲလို့  မေးတော့  သူလည်းအူလယ်လယ် ၊ တိတိပပ မသိ ။ အဲဒီမှာလူချော (အနူတောမှာ ပြောတာပါ) ငနွေလှိုင် မသိသူများကို ဒီလိုရှိရဲ့ ဟု အစချီလျှက် မတတ်သည့် ပညာများ သင်ကြား ပို့ ချရင်း နောက်ပိုးဘ၀ တစ်စခန်းထကြလေတယ်။
ဟိုကောင်မလေး ကြည့် မိရင်လည်း ကြိုက်ချင်သလိုလို ၊ ဒီကောင်မလေး ကြည့်မိရင်လည်း ကြိုက်ချင် သလိုလို ယိုးတိုးရွတ ဖြစ်နေကြဆဲမှာ ကိုဒီက ရည်းစား စရသွားတယ်။ ( ၂ ရက်တာ ကာလအတွင်း မြန်တယ်လို့  မထင်ပါနဲ့ ။ it ခေတ်လေ ) ဒါတင်လား မဟုတ်သေးဘူး ငနွေလှိုင် ကလည်း ခင်နွယ်ဆိုသော ကောင်မလေး တစ်ယောက်နှင့် နားလည်မှု ရပြီဆိုရဲ့  ၊ ထိုကာလ ( ၂ ) ရက် အတွင်းမှာ ဒင်းတို့  နှစ်ယောက်ထံက ငမိုးမသိအောင် သင်ရတဲ့  ပညာတွေကလည်း လ္ဘက်ရည်ဖိုး နဲ့ တင် ထမင်း ငတ်ပါရဲ့  ။ ( ပြန်ပြော၍ နောက်မှ သိရသည် ) ငမိုးလည်း ထိုနည်းတူပင် ။
(၁၃) ရက်နေ့ ညမှာ သတင်းကောင်းတစ်ခု မနာလိုစရာ ကြားလိုက်ရရဲ့  ငမိုးကို မြင့် မြင့် မော် က မနက်ဖြန် (ချစ်သူများနေ့ မှာ ) အဖြေပေးမယ်တဲ့ ။ ကျုပ် ရှက်လွန်းလို့  အပြင်ထွက်ရင် တောင်မှ ဒင်းတို့ ကို ရှောင်သွားတယ် ။ မဏ္ဍပ် တိုင်တက်ချင် နေကြတဲ့  ဒင်းတို့ ကို ကြောက်လို့ ပါဗျာ။ သြော် မနက်ဖြန်တွေ လှပပါစေ . . . ( ထိုနေ့ က ဗိုလ်ချုပ် မွေးနေ့ ဆိုတာ လုံးဝ မှတ်မှတ်ရရ မရှိခဲ့  ခြင်းကို နောက်မှပြန်တွေးတိုင်း ရှက်ရွံ့  ခဲ့ ရပါတယ်...)
(၁၄) ရက်နေ့  မနက် စာကြည့်ခန်းဝင်တော့  စုံတွဲကိုယ်စီနဲ့  ဘ၀င်လေဟပ်နေကြသော ချစ်လှစွာသော သူငယ်ချင်း (၃) ဦးကို ဝေးနိုင်သမျှ ဝေအောင်ရှောင်၍ ချောင်ထဲသို့  အ၀င် . . . " ရွှတ် " ခနဲ မြည်သံ နှင့် အတူ ကျွန်ုပ်၏ ပါးတစ်ဖက် ပူနွေးသွားပြီး ၊ အထိတ်တလန့်  ဆွဲကိုင်လိုက် မိသည့် နူးညံ့သော လက်တစ်ဖက် ၊ တဒင်္ဂအတွင်းရင်ခုန်လို့  မဆုံးခင် ရှက်ရွံ့  မှုတွေ နဲ့  ရိုက်ချက်ပြင်းတဲ့  လက်တစ်ဖက် ၊ " ဖြန်း " ခနဲ မြည်သံ နှင့် အတူ အားလုံးရဲ့  အာရုံ များ ကျွန်ုပ်တို့  နှစ်ဦးထံမှာ ( အမှားတစ်ခု ကတော့  လက်ထဲက ရည်းစားစား သူ့ လက်ထဲ အလိုလို ရောက်သွားခြင်းပါပဲ ။ ) ဆရာရောက် လာတော့  ရှက်ရွံ့  ထူပူနေသူ နှစ်ဦးနဲ့  ရည်းစားစာ ငယ်ရာက ကြီးလာသူဆိုတော့  သိနှင့် လိုက်ပြီ ။ ငယ်သည့် အမှုပပျောက်အောင် ဟာသနှောလို့  ဆောင်ရွက်ပေးလိုက်ရဲ့  စာသင်သား အားလုံး ဖတ်ပြစေတဲ့ ။ အဆိုးထဲက အကောင်းဆုံးကတော့ ကွန်ုပ်၏ ဘိုးဘွားဇာတိ ဖြစ်သော ရွာသစ်ကြီးရွာမှ ကွမ်းတောင်ကိုင် နှင့်  ကျွန်ုပ် ဇာတ်လိုက်ကျော် တို့  တစ်ဦးကို တစ်ဦးတောင်းပန်ကြရင်း မှ လူငယ်တို့  သဘာဝ အတိုင်း ချစ်သူဖြစ်သွားပြီး ထိုညအမှီ ဗယ်လင်တိုင်း ပါတီ တက်လိုက် ကြလေသတည်း။
Sunday, June 3, 2007
Subscribe to:
Post Comments (Atom)
No comments:
Post a Comment